Entertainment: Non-stop လို့ အမည်ရတဲ့ နန်းခင်ဇေယျာရဲ့ တစ်ကိုယ်တော်ခွေ

, updated

အားတဲ့အချိန်မှာ သီချင်းတွေကို လေ့လာသင်ယူတယ်။ Vocal training တွေ လုပ်တယ်လို့ နန်းခင်က ပြောပါတယ်။

play

 

အလှမယ်ပြိုင်ပွဲ စင်မြင့်ထက်ကနေ နာမည်ရလာပြီးနောက် အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နန်းခင်ဇေယျာက သူမရဲ့ တစ်ကိုယ်တော် သီချင်းခွေကို သိပ်မကြာခင် ဖြန့်ချိတော့မှာပါ။

နန်းခင်ဇေယျာရဲ့ Non-stop အမည်ရှိ တစ်ကိုယ်တော်ခွေကို ခရစ္စမတ်နေ့မှာ တစ်နိုင်ငံလုံးကို ဖြန့်ချိမယ်ဆိုတဲ့အကြောင်း သူမက Orchid ဟိုတယ်မှာ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ သီချင်းတွေ ဆိုဖြစ်နေပြီး ပရိသတ်ကို အနုပညာအသစ်တစ်ခု ချပြချင်တာရယ်၊ suprise (အံ့သြ) ဖြစ်စေချင်တာရယ်ကြောင့် ဒီအခွေလေးကို ထုတ်ဖြစ်ခဲ့တာပါလို့ သူမက ပြောပါတယ်။

play

 

Non-stop ခွေထဲမှာ pop နဲ့ R&B အမျိုးအစား သီချင်း ၁၂ ပုဒ် ပါဝင်မှာပါ။ သူမရဲ့ တစ်ကိုယ်တော်သီချင်းခွေအတွက် ကိုယ်တိုင် အစအဆုံး စီစဉ်ခဲ့တာလို့  နန်းခင်ဇေယျာက ဆိုပါတယ်။ သီချင်းသီဆိုဖို့အတွက်ကိုလည်း ဂီတဆရာမ နဲ့ သေသေချာချာ သင်ယူခဲ့တဲ့အပြင် ဂီတနဲ့ ပတ်သက်တဲ့ စာတွေကိုလည်း လေ့လာခဲ့ပါသတဲ့။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ နန်းခင်ဇေယျာရဲ့ Non-stop ကို တစ်နိုင်ငံလုံးမှာ စတင်ဖြန့်ချိမှာဖြစ်ပြီး မန္တလေးနဲ့ ရန်ကုန်မှာ ပရိုမိုးရှင်းပွဲတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

 

Photo : နန်းခင်ဇေယျာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ