AD
AD
AD
play

 

ဟယ်ရီစတိုင်းစ်၊ လူးဝစ် သွမ်လင်ဆန်၊ လီရမ် ပေးန်နဲ့ နီလ် ဟိုရွန်တို့ဟာ အစီအစဉ်တင်ဆက်သူနဲ့ စကားပြောရာမှာ အတော်လေး ကို့ရို့ကားရား နိုင်ခဲ့ပါတယ်။

သနားစရာကောင်းတဲ့ အစီအစဉ်တင်ဆက်သူလေးခမျာ သူတို့နဲ့ စကားပြောဖို့အတွက် အတော်လေး ကြိုးစားခဲ့ရရှာပါတယ်။

 “ရှင့်ရဲ့ဝတ်စုံကို ဘယ်ကရတာလဲ” ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကိုတောင် အဖြေရဖို့ သူမအတော်လေး ကြိုးစားခဲ့ရတာပါ။

သူမအတွက် ကံကောင်းစွာပဲ ဟယ်ရီက သူတို့ရဲ့ နောက်ဆုံး အယ်လ်ဘမ် Made In The AM က သူတို့ရဲ့ အကောင်းဆုံး ဘာလို့ဖြစ်နိုင်သလဲဆိုတဲ့ မေးခွန်းကို အားစိုက်ဖြေဆိုခဲ့ပါတယ်။

play

 

 “ဂီတအရ ကျွန်တော်တို့လုပ်သမျှထဲမှာ အကောင်းဆုံးလို့ ခံစားမိတယ်လို့ထင်ပါတယ်။ ပြီးတော့ အဲဒီအယ်လ်ဘမ်က ကျွန်တော်တို့ ဂုဏ်အယူရဆုံးပါ။ ကျွန်တော်တို့ကို အရမ်းပျော်ရွှင်စေပါတယ်”

လို့ သူက ရှင်းပြခဲ့ပါတယ်။

play

 

ဒါပေမဲ့ ဟယ်ရီ စကားပြောနေချိန်မှာ သူ့ရဲ့တွဲဖက်တွေဖြစ်တဲ့ လူးဝစ်နဲ့ လီရန်ကတော့ တိုက်ရိုက်လွှင့်နေတဲ့ တီဗွီအင်တာဗျူးကို အာရုံစိုက်ဖို့ထက် အချင်းချင်း ခြေထိုးခံပြီး ကျီစယ်နေကြပါတယ်။

 “ဒီနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ပလက်ဖောင်းပေါ်ကနေ ပြုတ်ကျအောင်ပဲ ကြိုးစားနေကြတယ်” လို့ ဂီလူလီယာနာက ပြောတော့ လူးဝစ်က စိတ်မပါလက်မပါဘဲ “ကျွန်တော်တို့က

အရူးတွေ” လို့ အရွှန်းပြန်ဖောက်ခဲ့ပါတယ်။

Source and Photos : www.mirror.co.uk

အမေရိကန် ဂီတဆုပေးပွဲမှာ လုပ်ခဲ့တဲ့ One Direction အဖွဲ့ရဲ့ အင်တာဗျူးကို ဒီမှာကြည့်နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD