Entertainment: နှစ်သစ်မှာ ရုံတင်မယ့် Point Break အက်ရှင်ဇာတ်ကြမ်း

Point Break သရီးဒီ အက်ရှင်ရုပ်ရှင်ကားကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ရန်ကုန် (နေပြည်တော်နဲ့ စံပြရုပ်ရှင်ရုံ)၊ မန္တလေး (မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံ) တို့မှာ စတင် ရုံတင်ပါတော့မယ်။

play

 

လျှို့ဝှက်သဲဖိုတွေ လုပ်ရတာ ဝါသနာပါတဲ့ ရာဇဝတ်သားတစ်စုဟာ ဆင်းရဲသားတွေနဲ့ ကံဆိုးသူတွေကို ပေးဖို့အတွက် ငွေတွေနဲ့ ရတနာပစ္စည်းတွေကို ခိုးဖို့ မိုက်ရူးရဲဆန်တဲ့ စတန့်မျိုးစုံ ပြုလုပ်ကြတယ်။ ဒီလိုလုယက်မှုမျိုးကို အရမ်းတော်တဲ့ အားကစားသမားတွေသာ လုပ်နိုင်တယ်လို့ အက်ဖ်ဘီအိုင်က ဝန်ထမ်းသစ်လေး ဂျွန်နီအူတာ့က ထင်မြင်မိပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို အသုံးချကာ ဂျွန်နီဟာ အဲဒီ သူခိုးအဖွဲ့ရဲ့ ခေါင်းဆောင် ဘော့ဟီနဲ့ မိတ်ဆွေဖွဲ့ပြီး အဖွဲ့ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီလူစုရဲ့ ဘဝကို ဂျွန်နီ သဘောပေါက်ချိန်မှာတော့ သူ့ရဲ့ အထက်လူကြီးတွေ က သူ့ရဲ့သစ္စာစောင့်သိမှုကို သံသယရှိလာပါတော့တယ်။

play

 

ဒီဇာတ်လမ်းမှာ ရေလွှာလှိုင်းစီးတာတွေ၊ ဆိုင်ကယ်စတန့်စီးတာတွေ အပါအဝင် ခပ်ကြမ်းကြမ်း အက်ရှင်နဲ့ စတန့်တွေကို သရီးဒီနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အမေရိကမှာ ခရစ္စမတ်နေ့က စတင်ရုံတင်ခဲ့တဲ့ Point Break ရုပ်ရှင်ဇာတ်ကားရဲ့ နမူနာကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source & Photos : Mingalar Cinemas’ Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ