Entertainment: မြောက်ကိုရီးယား အမျိုးသမီး Pop ဂီတအဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့

မိုရန်ဘွန်း ဂီတအဖွဲ့ကို ၂၀၁၂ ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ကွယ်လွန်သူ ဖခင်ကြီး ကင်မ်ဂျုံအီလ်ကို ရည်စူးပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ ဖွဲ့စည်းခဲ့တာပါ။

play

 

မြောက်ကိုရီးယားအစိုးရဟာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ဖို့ မျှော်လင့်ထား၍ ၄င်းတို့ရဲ့ အမျိုးသမီး Pop ဂီတ အဖွဲ့တစ်ခုဖြစ်တဲ့ မိုရန်ဘွန်း အမျိုးသမီးဂီတအဖွဲ့ကို မနေ့က တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

play

 

အဆိုပါ အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်စုစည်းထားတာဖြစ်ပြီး ဝါဒဖြန့် အနုပညာအဖွဲ့တစ်ခုအနေနဲ့ လူသိများပါတယ်။ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် သဘောထားကွဲလွဲမှုအချို့ ရှိလာပြီးတဲ့နောက် ယဉ်ကျေးမှုဖလှယ်တဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ အဆိုပါ အဖွဲ့ကို စေလွှတ်ခဲ့တာပါ။

play

 

မိုရန်ဘွန်း ဂီတအဖွဲ့ဟာဆိုရင် အနောက်တိုင်းဆန်ပြီး အင်အားပါပါ ကခုန်မှုများနဲ့ ဖျော်ဖြေလေ့ရှိသော်လည်း သူမတို့ရဲ့ သီချင်းတွေဟာ ကင်မ်နှင့် မြောက်ကိုရီးယားအစိုးရကို ချီးကျူးဂုဏ်ဖော်ထားတဲ့ ဝါဒဖြန့်စာသားများနဲ့ အဓိက ရေးစပ်သီကုံးထားပါတယ်။

မိုရန်ဘွန်း ဂီတအဖွဲ့ကို ၂၀၁၂ ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ကွယ်လွန်သူ ဖခင်ကြီး ကင်မ်ဂျုံအီလ်ကို ရည်စူးပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ ဖွဲ့စည်းခဲ့တာပါ။ မြောက်ကိုရီးယားစစ်တပ်၏ သံစုံတီးဝိုင်းနှင့်အတူ တရုတ်နိုင်ငံတွင် ချစ်ကြည်ရေးကို ဦးတည်တဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Source: AP

Photo: www.bbc.com, www.cnn.com, www.huffingtonpost.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ