Entertainment: PSY ရဲ့ Daddy သီချင်း ကြည့်ရှုသူ သန်း (၅၀) ကျော်ခဲ့

play

 

တောင်ကိုရီးယားအဆိုတော် PSY ရဲ့ Daddy သီချင်းဟာ ယူကျူ့ဘ် (YouTube) ပေါ်မှာ နှစ်ပတ်မပြည့်ခင် ကြည့်ရှုတဲ့ အကြိမ်ရေ သန်း (၅၀) ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

play

 

PSY နှင့် ကေပေါ့ပ်စတား CL တို့ သီဆိုထားတဲ့ အဆိုပါ ဗီဒီယိုထွက်ရှိလာတဲ့အချိန်ကစပြီး (၄) ရက်အတွင်း ကြည့်ရှုတဲ့ အကြိမ်ရေ (၂၅) သန်းထိရှိခဲ့သလို အမေရိကန် ဘီလ်ဘုတ်စာရင်းမှာလည်း နံပါတ် (၉၇) ရရှိခဲ့ပါတယ်။

play

 

PSY ရဲ့ ထွက်ရှိထားတဲ့ သီချင်း (၄) ပုဒ်စလုံးဟာ အမေရိကန်ဘီလ်ဘုတ်ရဲ့ လူကြိုက်များဆုံး သီချင်းအပုဒ် (၁၀၀) စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အာရှအနုပညာရှင်တစ်ဦးအနေနဲ့ ဒါဟာ ပထမဆုံး အကြိမ်ရရှိခဲ့တာပါ။ Gangnam Style သီချင်းကတော့ ကြည့်ရှုမှုအကြိမ်ရေ (၂.၄) ဘီလီယံနဲ့ ကြည့်ရှုမှု အများဆုံးတေးဂီတဗီဒီယိုအဖြစ် သတ်မှတ်ခံထားရပါတယ်။

 

Source & Photo: www.soompi.com, www.youtube.com, www.diariodemixcousa.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ