Entertainment: PSY ရဲ့ အယ်လ်ဘမ်အသစ်

သီချင်းတွေထဲမှာတော့ Daddy ဆိုတဲ့ သီချင်းက youtube လူကြိုက်များနေပါတယ်။

play

 

ကိုရီးယားအဆိုတော် PSY ရဲ့ အယ်ဘ်ဘမ်အသစ်ကို နိုဝင်ဘာ ၃၀ ရက်က စတင်ဖြန့်ချိလိုက်ပါပြီ။

Chiljip PSY-Da အမည်ရတဲ့ သူ့ရဲ့ အယ်လ်ဘမ်အသစ်ရဲ့ သတင်းစာရှင်းလင်းပွဲကို တနင်္လာနေ့က ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အယ်လ်ဘမ်ရဲ့အမည်က ကိုရီးယားလို "ဒါဟာ PSY ရဲ့ ၇ ခုမြောက် အယ်လ်ဘမ် ဖြစ်တယ်" လို့ အဓိပ္ပာယ်ရပါတယ်။

play

 

ဒီအယ်လ်ဘမ်ထဲမှာ သီချင်း ၉ ပုဒ် ပါဝင်ပြီး MTV တွေကို Youtube မှာလည်း တင်ထားပါတယ်။ Youtube မှာ လူကြိုက်များနေတဲ့ DADDY သီချင်း MTV ကိုတော့ PSY နဲ့အတူ 2NE1 အဖွဲ့ရဲ့ CL ကလည်း ပါဝင်သီဆိုထားပါတယ်။

Source & Photo : www.billboard.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ