Entertainment: ရှိုးပွဲမှာ မိန်းကလေး ဖြစ်သွားတဲ့ အဆိုတော် Psy

အနောက်တိုင်းမှာ အမျိုးသမီး အချို့ဝတ်လေ့ရှိတဲ့ တင်ပါးပေါ် ဘောင်းဘီ၊ အမျိုးသမီးစီး သရေဖိနပ်ရှည်၊ ရင်အတုတွေ တပ်ပြီး Psy တစ်ယောက်ရှိုးပွဲမှာ ကပြသွားတာပါ။

play

 

အသစ်အဆန်းကကွက်တွေနဲ့ သီချင်းတွေ လုပ်ပြတတ်တဲ့ တောင်ကိုရီးယားအဆိုတော် Psy က အခုလည်း ဖျော်ဖြေပွဲတစ်ခုမှာ အသစ်အဆန်း ကကွက်တစ်ခုနဲ့ ဖျော်ဖြေလိုက်ပါတယ်။ ပရိသတ်အချို့ ရိုက်ကူးတဲ့ ဗီဒီယိုအရ အဆိုတော် Psy က ရှိုးပွဲမှာ မိန်းမတစ်ယောက်လို ဝတ်ဆင်ပြီး ကပြသွားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ရှိုးပွဲမှာ အဆိုတော် Psy က အမျိုးသမီးဝတ် တင်ပါးပေါ်ဘောင်းဘီ၊ ရင်သားအတု စတာတွေကို ဝတ်ဆင်ပြီး အမျိုးသမီးတစ်ယောက်လို ကပြဖျော်ဖြေသွားတာ ဖြစ်ပါတယ်။ ဒီလိုပုံစံဖျော်ဖြေတာကို ရိုက်ထားတဲ့ ဗီဒီိယိုကလည်း သုံးမိနစ်လောက်ပဲရှိပေမဲ့ သုံးမိနစ်အတွင်းမှာ Psy ရဲ့  ကကွက်ဆန်းတွေကို တွေ့ရမှာပါ။

အိုပါးဂန်းနန်းစတိုင်နဲ့ ကမ္ဘကျော်ခဲ့တဲ့ Psy ရဲ့ အကဆန်းတွေက အခုလည်း ဆန်းသစ်နေတုန်းပါပဲ။

Source: youtube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ