Entertainment: ဂျက်စတင် ဘီဘာရဲ့ Purpose ဂရပ်ဖစ်တီ စုံစမ်း စစ်ဆေးခံရ

, updated

ဆန်ဖရန်စစ္စကို မြို့တော် ရှေ့နေက ဂျက်စတင်ဘီဘာရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Purpose ကို ကြော်ငြာတဲ့ အနေနဲ့ လမ်းဘေးမှာဆွဲထားတဲ့ ဂရပ်ဖစ်တီတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိချင်နေပါတယ်။

play

 

အဲဒီဂရပ်ဖစ်တီ (graffiti)တွေဟာ မိုးမုန်တိုင်းရွာတာတောင် ပျက်သွားခြင်းမရှိကြောင်းနဲ့ ဖြေရှင်းနည်းအတွက် ဆုံးဖြတ်ရာမှာ ကူညီပေးစေလိုကြောင်း Universal Music Group ထံကို မြို့တော်ရှေ့နေ  ဒန်းနစ် ဟာရီရာက စာရေးသား ပေးပို့ထားပါတယ်။

အဲဒီဂရပ်ဖစ်တီတွေကို ဖျက်ဖို့အတွက် ဆောက်လုပ်ရေးဝန်ထမ်းတွေမှာ အသုံးစရိတ်အများကြီး သုံးခဲ့ရတယ်လို့လည်း ဟာရီရာက ပြောခဲ့ပါတယ်။ ကုန်ကျငွေ အတိအကျကိုတော့ မပြောပြခဲ့ပါဘူး။

play

 

ဘီဘာရဲ့ အယ်လ်ဘမ်သစ်ကို ကြော်ငြာတဲ့ ဂရပ်ဖစ်တီတွေအတွက် တိုင်ကြားစာတွေလည်း မြို့တော် အရာရှိများက ရထားတယ်လို့ ဟာရီရာက ပြောပါတယ်။

 “တားမြစ်ထားပြီးသား ဖြစ်တဲ့ ဒီကြော်ငြာမှုက ကျွန်တော်တို့ရဲ့ လျှောက်လမ်းတွေနဲ့ တဟုန်ထိုး တိုးတက်နေတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို တရားမဝင် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတာပါ” လို့လည်း ဟာရီရာက သူ့စာထဲမှာ ရေးသားထားပါ သေးတယ်။

play

 

ဆန်ဖရန်စစ္စကိုရဲ့ စင်္ကြံလမ်းတွေက ကြော်ငြာရိုက်ဖို့ လုပ်ထားတဲ့ ကင်းဘတ်စ မဟုတ်ဘူးလို့ မြို့တော်ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ မိုဟာမက်နူရူက ပြောကြားခဲ့ပါတယ်။

Source & Photos : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ