Entertainment: အမျိုးသမီးတွေကို ဂုဏ်ပြုဖြစ်တဲ့ QUEEN

ဒီဇင်ဘာ ၂၀ ရက်နေ့ လှည်းတန်းစိန်ဂေဟာမှာ နေ့လယ် ၃ နာရီက စပြီး ပရိုမိုးရှင်း ပြုလုပ်မှာပါ။

play

 

ဒီဇင်ဘာ ၉ ရက်နေ့က QUEEN တေးစီးရီး မိတ်ဆက်ပွဲကို အဆိုတော် စန္ဒီမြင့်လွင်က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီသီချင်းခွေဟာ စန္ဒီမြင့်လွင်ရဲ့ စတုတ္ထမြောက် တေးစီးရီးဖြစ်ပြီး သီချင်း ၈ ပုဒ် ပါဝင်မှာပါ။ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့  စီးရီးနာမည်ကို QUEEN လို့ နာမည်ပေးဖြစ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

play

 

QUEEN ကို ဒီဇင်ဘာ ၂၀ ရက်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး အဲ့ဒီနေ့ ညနေမှာပဲ လှည်းတန်းစိန်ဂေဟာမှာ ပရိုမိုးရှင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပထမဆုံး လာမယ့် ပရိသတ် အယောက် ၁၀၀ ကို ရှိုးပွဲလက်မှတ်တွေ ပေးသွားမယ်လို့လည်း စန္ဒီမြင့်လွင်က ပြောပါတယ်။

Source & Photo : စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ