Entertainment: Relationship တင်လိုက်တဲ့ ခင်စန်းဝင်း

ဒီနေ့ ကောင်လေးတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ မကြီးစန်း (ခင်စန်းဝင်း) နဲ့ Relationship ချိတ်လိုက်ပါတယ်။

နေသွေးစိုးလို့  အကောင့်နာမည်ပေးထားတဲ့ အသက် ၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက်က ဒီနေ့မှာပဲ မကြီးစန်းနဲ့ ချစ်သူတွေဖြစ်ကြောင်း ဖေ့စ်ဘွတ်မှာ တင်ခဲ့တာပါ။ ဒီနေ့က ဧပရယ်ဖူးနေ့  ဖြစ်တဲ့အတွက် ဒါဟာ နောက်ပြောင်တာလား တကယ်လားဆိုတာတော့ မကွဲပြားပါဘူး။ ဒါပေမဲ့ သူများတွေလို စတေးတပ်တင်တာ မဟုတ်ဘဲ Life Event ဖြစ်နေတဲ့ အတွက် ယုံကြည်ကြသူတွေ များပါတယ်။

play

နေသွေးစိုးက နောက်ထပ် စတေးတပ်တစ်ခုနဲ့လည်း မကြီးစန်းနဲ့ သူ့ရဲ့ အချစ်ရေးကို အတည်ပြုထား ပြန်ပါသေးတယ်။ " RS ချိတ်လိုက်တာ ရှင်းလို့ တောင်မနိုင်ဘူး။သူနဲ့ ချစ်နေတာ ကြာပါပြီ။ ခေးရဲ့ အသဲတခြမ်းပါ" လို့ ဖေ့စ်ဘွတ်မှာ တင်ထားတာပါ။ မကြီးစန်းဘက်ကတော့ Relationship ကို လက်ခံထားတာကလွဲလို့ တခြားဘာမှ ပြောထားတာ မရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ