Entertainment: ၂၀၁၇ Running Man အစီအစဉ်မှာ ယူဂျေဆုက် သတိထားရမှာ ဘယ်သူလဲ

“Running Man” မှာ အောင်မြင်မှု ရယူဖို့အတွက် တစ်စုံတစ်ယောက်ကို သတိထားဖို့လိုအပ်တယ်လို့ ဗေဒင်ဆရာက တွက်ချက်ခဲ့ပါတယ်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၇) ရက်နေ့က “Running Man” ရိုက်ကူးရာမှာ အဖွဲ့ဝင်တွေရဲ့ ၂၀၁၆ ခုနှစ်အတွက် ကိုရီးယားရိုးရာဗေဒင် တွက်ချက် မေးမြန်းခန်းလည်းပါဝင်ခဲ့ပြီး အဖွဲ့ဝင် ယူဂျေဆုက် (Yoo Jae Suk) ကို ဟောကိန်းထုတ်ခဲ့ရမှာ သူရဲ့ ၂၀၁၆ ခုနှစ်ဟာ တောက်ပနေပေမယ့် “Running Man” မှာ အောင်မြင်မှု ရယူဖို့အတွက် တစ်စုံတစ်ယောက်ကို သတိထားဖို့လိုအပ်တယ်လို့ ဗေဒင်ဆရာက တွက်ချက်ခဲ့ပါတယ်။

play

 

၂၀၁၆ ခုနှစ်အတွက် ဟောကိန်းအရဆိုရင်တော့ “Running Man” အစီအစဉ်မှာ ယူဂျေဆုက်ရဲ့ အဓီက ယှဉ်ပြိုင်ရမယ့်သူဟာ ဂေရီဖြစ်တယ်လို့လည်း အဖွဲ့ဝင်တွေအားလုံးက ယူဆထားပါတယ်။

play

 

အဖွဲ့ဝင် ဂျီဆုက်ဂျင်း (Ji Suk Jin) ကတော့ “Running Man” အစီအစဉ်မှာ ယူဂျေဆုက်ရဲ့ အနာဂတ်ဟာ နှစ်တိုင်း တွက်ချက်ရာမှာ အမြဲတောက်ပနေတဲ့အတွက် မပျော်မရွှင်ဖြစ်ပြီး ကန့်ကွက်ခဲ့တယ်လို့ စနောက်ခဲ့ပါတယ်။

Source: soompi

Photo: soompi, sidomi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ