Entertainment: ကင်မ် ကာဒါရှီယန်ရဲ့ sex ဗီဒီယိုအကြောင်း

၂၀၀၃ ခုနှစ်က ကင်မ်နဲ့ ထိုစဉ်က သူမရဲ့ချစ်သူ ရေးဂျေတို့ ချစ်တင်းနှောတဲ့ sex ဗီဒီယို ထွက်ပေါ်ခဲ့ပါတယ်။

play
ကင်မ် ကာဒါရှီယန်နှင့် မိခင်ဖြစ်သူ ခရစ်ဂျန်နာ


နာမည်ကြီး Reality တီဗွီစတား ကင်မ် ကာဒါရှီယန်ရဲ့ sex ဗီဒီယို ထွက်ပေါ်ခဲ့မှုဟာ တမင်ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အောင်မြင်ကျော်ကြားသူတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရေးသားသူ စာရေးဆရာ ဟောလ်ပါရင်က ကင်မ်အကြောင်း ဖွင့်ချထားပါတယ်။

play
ရေးဂျေနှင့် ကင်မ် ကာဒါရှီယန်


ကင်မ်ရဲ့ တစ်ချိန်တုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ sex ဗီဒီယိုကို အမြန်ဆုံး ကျော်ကြားလိုတဲ့ ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဟောလ်ပါရင်ဟာ ကာဒါရှီယန် မိသားစုအကြောင်း 'Kardashian Dynasty' စာအုပ်ကို ရေးသားသူလည်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ကင်မ်နဲ့ ထိုစဉ်က သူမရဲ့ချစ်သူ ရေးဂျေတို့ ချစ်တင်းနှောတဲ့ sex ဗီဒီယို ထွက်ပေါ်ခဲ့ပါတယ်။

play


ဒီ sex ဗီဒီယိုကို ကင်မ်နဲ့ မိခင်ဖြစ်သူ ခရစ်ဂျန်နာတို့က ကြိုတင်စီစဉ်ကာ ကင်မ်နဲ့ရေးဂျေတို့ကို သရုပ်ဆောင်ခဲ့ပြီး တမင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

play


ကင်မ်နဲ့ ပဲရစ်ဟီလ်တန်တို့နဲ့ ရင်းနှီးသူတစ်ဦးက ကင်မ် အနေနဲ့ အမြန်ဆုံး ကျော်ကြားလိုချင်ရင် sex ဗီဒီယိုက အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ အကြံပေးခဲ့ကြောင်း၊ ကင်မ်က sex ဗီဒီယိုကိစ္စကို မိသားစုနဲ့ အရင်တိုင်ပင်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ဆိုပါတယ်။

play


ကင်မ်နဲ့ ရေးဂျေတို့ရဲ့ sex ဗီဒီယိုကို အဓိက စီစဉ်ခဲ့သူဟာ ကင်မ်ရဲ့မိခင် ခရစ်ဂျန်နာဖြစ်ပြီး sex ဗီဒီယိုကို ဖြန့်ချိဖို့ စီစဉ်ခဲ့တာလည်း သူမပင်ဖြစ်ကြောင်း ဟောလ်ပါရင်က ပြောပါတယ်။ ကင်မ်ရဲ့ sex ဗီဒီယို ထွက်ပေါ်ခဲ့ပြီး နောက် ၄ နှစ်အကြာမှာ ကာဒါရှီယန်မိသားစုက တီဗွီချန်နယ် E! နဲ့ ‘Keeping Up With the Kardashians အစီအစဉ်အတွက် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

play
စာရေးဆရာ ဟောလ်ပါရင်


ဒီ တီဗွီအစီအစဉ်က ကာဒါရှီယန်မိသားစုကို လူသိများစေခဲ့ပြီး လက်ရှိမှာတော့ ကင်မ် အပါအဝင် မိသားစုအားလုံးဟာ အောင်မြင်ကျော်ကြားနေပြီ ဖြစ်ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ