Entertainment: Star Wars ပရိသတ်များအတွက် စင်ကာပူလေဆိပ်မှ ပြင်ဆင်မှုများ

 

play

 

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ စတားဝါးရုပ်ရှင်များတွင် ပါဝင်သည့် ယာဉ်ပျံပုံတူ နှစ်စီးနှင့် စတားဝါးရုပ်ရှင်ပါဝင်သည့် ဇာတ်ကောင်အ၀တ်အစားဝတ်ဆင်ထားသည့် အဖွဲ့ များသည် ဒီဇင်ဘာလတွင်ပြသမည့် Star Wars: The Force Awakens ရုပ်ရှင်မတိုင်ခင် စတားဝါး ပရိသတ်များ အတွက် စတင် ဆွဲဆောင်နေပြီဖြစ်ပါတယ်။ ထိုပုံတူ ယာဉ်ပျံများကို ဂျပန်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ANA (All Nippon Airways) R2 –D2 ပုံ ဖော်ထားသည့် ဘိုးရင်း ၇၈၇ လေယာဉ်ကြီး ရပ်နားထားသည့် ၀င်ပေါက်နားတွင် ထားရှိထားပါတယ်။

Photo Ibitimes

ရာချီတဲ့ပရိသတ်တွေက Star Wars အ၀တ်အစားများ ၀တ်စားထားပြီး ရုပ်ရှင်တွင် ပါဝင်သည့် Stormtrooper များနှင့် X-Wing Fighter ယာဉ်မောင်းများတိုက်ခိုက် သရုပ်ပြပုံကိုလည်း ကြည့်ရှုနိုင်ပြီး ၄င်းတို့နှင့်အတူ ဓာတ်ပုံ  ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ရုပ်ရှင်တွင်ပါဝင်သည့် Chewbacca ပုံစံ ၀တ်စားထားသည့် ကလေးငယ်တစ်ယောက်က စတားဝါးရုပ်ရှင်က သူ မိသားစုကို အတူ ရှိစေတယ်လို့ပြောပါတယ်။ “ကျွန်တော်က သူက စတားဝါး ရုပ်ရှင် ဖွင့်ပြပေးခဲ့ပါတယ်။ နောက်ပိုင်း Star Wars Rebels ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲကို သူ စွဲစွဲ မြဲမြဲ ကြိုက်သွားတဲ့ အခါမှာ သူ စတားဝါးကို ပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်” လို့ သူဖခင်ကပြောသည်။ ဆယ်ကျော်သက်လူငယ်အများစုက Dark Side ဘက်ကို ပိုပြီး သဘောကျနှစ်သက်တာကို တွေ့မြင်ရပါတယ်။

ဘိုးရင်း ၇၈၇  လေယာဉ်ကတော့ ချန်ဂီလေဆိပ်တွင် ပရိသတ်တွေအတွက် နှစ်ရက်တာ ရပ်နားထားမှာ ဖြစ်ပါတယ်။

JJ abrams ရိုက်ကူးထားတဲ့ Star Wars: The Force Awakens ရုပ်ရှင်ကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် စတင်ပြသသွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ