Entertainment: ဖေ့စ်ဘွတ်ပေါ်မှာ Star Wars ပုံတွေ ပြောင်းနိုင်ပြီ

Star Wars: The Force Awakens ကို ဒီဇင်ဘာ ၁၈ မှာ ရုံတင်တော့မှာပါ။

play

 

Star Wars ပရိသတ်တွေအတွက် ပျော်စရာသတင်းပါ။

အခုဆိုရင် ဖေ့စ်ဘွတ်က Star Wars ပုံတွေနဲ့ profile picture ပြောင်းနိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ ကြည့်ရတာကတော့ ဖေ့စ်ဘွတ်ရဲ့ အမှုဆောင်အရာရှိဖြစ်တဲ့ မာ့ခ် ဇူကာဘက် ကြောင့်လို့ ထင်ရပါတယ်။

play

 

ဘာကြောင့်လဲဆိုတော့ Star Wars ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်တစ်ခုအောက်မှာ မှတ်ချက်ပေးခဲ့ဖူးလို့ပါ။ " This looks amazing. I love Star Wars." လို့ သူက ကွန်မန့်ရေးခဲ့ပြီး Star Wars အဒ်မင်ကတော့ "We Know" လို့ ပြန်ရေးထားတာလည်း တွေ့ရပါတယ်။

play

ခုဆိုရင်တော့ ကမ္ဘာတစ်ဝန်းက Star Wars ပရိသတ်တွေရဲ့ ဖေ့စ်ဘွတ်မှာ Star Wars နဲ့ သက်ဆိုင်တဲ့ profile picture တွေ ဖြစ်နေကြပါပြီ။

 

Photo : Star Wars Facebook, Moe Min Thet Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ