AD
AD
AD
play

 

ဒီဇင်ဘာ ၁၈ ရက်က စတင် ပြသခဲ့တဲ့ Star Wars: The Force Awakens က ပထမဆုံးညမှာတင် ဝင်ငွေ ဒေါ်လာ ၅၇ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဒီ ဝင်ငွေ ပမာဏက ၂၀၁၁ ခုနှစ်မှာ စံချိန်တင်ထားခဲ့တဲ့ Harry Potter and The Deathly Hallows: Part 2 ဇာတ်ကားရဲ့ ဝင်ငွေ ဒေါ်လာ ၄၃.၅ သန်းကို ကျော်လွန်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။

play

 

ဒါ့အပြင် Star Wars ဇာတ်ကားသစ်ဟာ ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်းသူတွေက ခန့်မှန်းပါတယ်။

play

 

Star Wars ဇာတ်ကားသစ်ဟာ ဗြိတိန်နဲ့ အိုင်ယာလန်မှာလည်း စတင်ပြသတဲ့ပွဲ ရုံဝင်ငွေ အကောင်းဆုံးအဖြစ် စံချိန်တင်မယ်လို့ သိရပါတယ်။ The Force Awakens ဟာ Star Wars ရဲ့ အပိုင်း ၇ ဇာတ်ကားတွဲ ဖြစ်ပါတယ်။ အပိုင်း ၈ ဇာတ်ကားတွဲကို ၂၀၁၇ ခုနှစ်နဲ့ အပိုင်း ၉ ဇာတ်ကားတွဲကို ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

 

Source: BBC
Photo: BBC, Star Wars

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD