Entertainment: အမေရိကန်သမ္မတ အိမ်ဖြူတော်ကို Star Wars စစ်သည်တွေ ကျူးကျော်

Star Wars ဇာတ်ကားထဲက Storm Troopers ဆိုတဲ့ စစ်သည်တွေနဲ့ R2-D2 စက်ရုပ်တို့က အမေရိကန်သမ္မတ အိမ်ဖြူတော်အထိပင် ကျူးကျော်ဝင်ရောက်ကာ နေရာယူလိုက်ကြပါတယ်။

play

 

အသစ်မထွက်ရှိတာ ၁၀ နှစ်ကြာမြင့်ခဲ့တဲ့ Star Wars ဇာတ်ကားတွဲသစ်ကို ကမ္ဘာတစ်ဝန်းမှ ရုပ်ရှင်ချစ်ပရိသတ်တွေ အထူး စိတ်ဝင်စားလျက်ရှိပါတယ်။

play

 

Star Wars ဇာတ်ကားတွဲသစ် The Force Awakens ကို ကမ္ဘာတစ်ဝန်းမှာ ရုံတင်ပြသနေပြီဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ဗြိတန်၊ အိုင်ယာလန် နိုင်ငံတွေမှာ စတင်ပြသမှု ရုံဝင်ငွေ စံချိန်တင်နိုင်ခဲ့ပါတယ်။

play

 

လတ်တလောမှာ ကမ္ဘာတစ်ဝန်းမှ  ရုပ်ရှင်ချစ် ပရိသတ်တွေကြား Star Wars ဇာတ်ကားနဲ့ ဇာတ်ကောင်တွေအကြောင်းက စိတ်ဝင်တစား ပြောဆိုစရာအဖြစ် လွှမ်းမိုးထားပါတယ်။

play

 

ဒီလိုအချိန်မှာပဲ Star Wars ဇာတ်ကားထဲက Storm Troopers ဆိုတဲ့ စစ်သည်တွေနဲ့ R2-D2 စက်ရုပ်တို့က အမေရိကန်သမ္မတ အိမ်ဖြူတော်အထိပင် ကျူးကျော်ဝင်ရောက်ကာ နေရာယူလိုက်ကြပါတယ်။

play

 

သောကြာနေ့က အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ဘရတ်ဒီ သတင်းစာရှင်းလင်းပွဲ ခန်းမထဲမှာ Star Wars စစ်သည်နှစ်ဦးနဲ့ R2-D2 စက်ရုပ်တို့ကို အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အရာရှိ ဂျို့ရှ် အန်းနက်စ်နဲ့အတူ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ ဂျာနယ်လစ်တွေက R2-D2 စက်ရုပ်လေးကို စိတ်ဝင်တစား မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

play

Star Wars ဇာတ်ကားတွဲတွေ The Force Awakens က ကို အမေရိကန်မှာ စတင်ပြသရာမှာ ပထမဆုံးပွဲ ရုံဝင်ငွေ ဒေါ်လာ ၅၇ သန်းအထိ ရရှိကာ စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ