Entertainment: Star Wars ဇာတ်ကားသစ်မှ ပေါင် ၂၃ သန်း ရရှိတဲ့ ဟယ်ရီဆင်ဖို့ဒ်

ဟောလီးဝုဒ် မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရဲ့ သရုပ်ဆောင်ကြေးက Star Wars သရုပ်ဆောင်သစ် နှစ်ဦးဖြစ်သူ ဒေစီ ရစ်ဒလေနဲ့ ဂျွန် ဘိုရီဂါတို့ထက် အဆပေါင်း ၇၆ ဆ ပိုများတယ်လို့ ဆိုပါတယ်

play
Star Wars: The Force Awakens ဇာတ်ကားမှ ဟယ်ရီဆင်ဖို့ဒ်

 

Star Wars ဇာတ်ကားတွဲသစ် The Force Awakens မှာ ပါဝင်တဲ့ ဟောလီးဝုဒ် မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရဲ့ သရုပ်ဆောင်ကြေးက Star Wars သရုပ်ဆောင်သစ် နှစ်ဦးဖြစ်သူ ဒေစီ ရစ်ဒလေနဲ့ ဂျွန် ဘိုရီဂါတို့ထက် အဆပေါင်း ၇၆ ဆ ပိုများတယ်လို့ ဆိုပါတယ်။

play
Star Wars: The Force Awakens ဇာတ်ကား အထူး မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ ဟယ်ရီဆင်ဖို့ဒ်

 

Star Wars ဇာတ်ကားထုတ်လုပ်တဲ့ Disney က အသက် ၇၃ နှစ်အရွယ် မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ကို The Force Awakens မှာ အဓိက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဟန်ဆိုလိုနေရာမှ ပါဝင် သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်ကြေး ပေါင်စတာလင် ၁၆.၇ သန်း ပေးခဲ့ပါတယ်။

play
ဂျွန် ဘိုရီဂါနှင့် ဒေစီ လစ်ဒလေတို့ရဲ့ Star Wars: The Force Awakens ဇာတ်ကားမှ ဇာတ်ဝင်ခန်း

 

ဒါ့အပြင် ဟယ်ရီဆင်ဖို့ဒ်က ဇာတ်ကားဝင်ငွေရဲ့ ၀.၅ ရာခိုင်နှုန်းကိုလည်း ရှယ်ယာအဖြစ် ရရှိအုံးမှာပါ။ သူ့ရဲ့ သရုပ်ဆောင်ကြေးနဲ့ ရှယ်ယာရရှိနိုင်မှုတို့ကို ပေါင်းပြီး တွက်ချက်ကြည့်ပါက The Force Awakens မှာ ပါဝင်သရုပ်ဆောင်ပြီး ဟယ်ရီဆင်ဖို့ဒ် ရရှိတဲ့ ငွေကြေးပမာဏက ပေါင်စတာလင် ၂၃ သန်း အထိ ဖြစ်ပါတယ်။

play
ဒေစီ လစ်ဒလေနှင့် ဂျွန် ဘိုရီဂါ

 

Star Wars သရုပ်ဆောင်သစ်တွေဖြစ်တဲ့ ဗြိတိန် သရုပ်ဆောင်နှစ်ဦးဖြစ်သူ ဒေစီ ရစ်ဒလေနဲ့ ဂျွန် ဘိုရီဂါတို့ကတော့ The Force Awakens အတွက် သရုပ်ဆောင်ကြေး ပေါင်စတာလင် ၃ သိန်းစီ ရရှိပါတယ်။

play
Star Wars: The Force Awakens ဇာတ်ကားမှ ဒေစီ လစ်ဒလေ

 

မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ဟာ ယခု နောက်ဆုံး ထွက်ရှိတဲ့ Star Wars ဇာတ်ကားသစ်အတွက် သရုပ်ဆောင်ကြေးအပြင် ဝင်ငွေအပေါ် ရှယ်ယာ ရာခိုင်နှုန်းတစ်ရပ်ပါ ရရှိခဲ့တာ ဖြစ်ပေမယ့် ၁၉၇၇ ခုနှစ်က ပထမဆုံး Star Wars ဇာတ်ကားမှာ သရုပ်ဆောင်မှုအတွက်တော့ ပေါင်စတာလင် ၇,၀၀၀ အောက်သာ ရရှိခဲ့တာပါ။

ဟယ်ရီဆင်ဖို့ဒ်ဟာ ၁၉၇၇၊ ၁၉၈၀ နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ထွက်ရှိခဲ့တဲ့ Star Wars ဇာတ်ကားတွေမှာ ဆက်တိုက်ပါဝင်ခဲ့ပြီး ၁၉၉၉၊ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ် Star Wars ဇာတ်ကားတွေမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ၁၀ နှစ်ကြာ ဇာတ်ကားတွဲသစ် မထွက်ရှိခဲ့ဘဲ ယခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ Star Wars: The Force Awakens မှာ ဟယ်ရီဆင်ဖို့ဒ် ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail
Photo: Daily Mail, Flick Reel, Telegraph, IBTimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ