Entertainment: Star Wars ထဲက ဂျိမ်းစ်ဘွန်း

, updated

ဂျိမ်းစ်ဘွန်း မင်းသားကြီးတစ်ယောက်တော့ Star Wars ရဲ့ ညှို့ငင်မှုကို မလွန်ဆန်နိုင်ဘဲ မထင်မရှားနေရာကနေ ပါဝင်ဆင်နွှဲခဲ့ပုံ ရပါတယ်။

play

 

ဂျိမ်းစ်ဘွန်း မင်းသား ဒင်နီရယ် ကရစ်က Star Wars ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသား စာရင်းဝင် ဒင်နီရယ် ကရစ်က Star Wars : The Force Awakens ထဲမှာ Stromtrooper ဇာတ်ကောင် အဖြစ် သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Rey နဲ့ အတူ သရုပ်ဆောင်ရတဲ့ အခန်းမှာ ပါဝင်ခဲ့တာပါ။

ကရစ် ပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းကို Star Wars ရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆိုင်မွန် ပက်က အင်တာဗျူးတစ်ခုမှာ လွှတ်ခနဲ ပြောမိသွားတာဖြစ်ပြီး ကရစ်ကတော့ ဒါကို အတည်လည်းမပြုသလို ငြင်းလည်းမငြင်းခဲ့ပါဘူး။

 

Source : Tech Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ