Entertainment: ဧပြီလမှာ စတင်ရုံတင်မယ့် The Huntsman ရဲ့ နမူနာထွက်ပြီ

The Huntsman: Winter’s War အတွက် ပထမဆုံးထွက်ရှိလာတဲ့ နမူနာအပိုင်းတိုလေးထဲမှာ ချာလီ့သရွန်က ကြောက်မယ်ဖွယ် မိဖုရားဆိုးကြီး ရာဗန်နာအဖြစ် ခရစ်ဟမ်းစ်ဝါ့သ်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။

play

 

ချာလီ့သရွန်က ၂၀၁၂ ခုနှစ်မှာ ထွက်ရှိတဲ့ Snow White and The Huntsman ဇာတ်ကားထဲမှာ စနိုးဝှိုက်ရဲ့ မိထွေးဆိုးကြီး အဖြစ် သရုပ်ဆောင်ခဲ့သူပါ။

play

 

အခု ယုတ်မာလှတဲ့ မိဖုရားကြီး ရာဗန်နာက နိုဝင်ဘာလ ၁၇ ရက်က အသစ်ပြလိုက်တဲ့ နမူနာအပိုင်းတိုလေးထဲမှာ  The Huntsman: Winter War ထဲမှာ ပြန်ပါလာပါပြီ။

play

 

၁၅ စက္ကန့်စာပဲရှိတဲ့ နမူနာအပိုင်းတိုလေးထဲမှာလည်း အသက် ၄၀ နှစ်ရှိ မင်းသမီးကြီး ချာလီ့သရွန်ဟာ ကြောက်မက်ဖွယ် သရုပ်ဆောင်ထားပြန်ပါတယ်။ သူနဲ့အတူ အသက် ၃၂ နှစ်ရှိ ခရစ်ဟမ်စ်ဝါ့တ်၊ အသက် ၃၈ နှစ်ရှိ ဂျက်ဆီကာ ချက်စတီးနဲ့ အသက် ၃၂ နှစ်ရှိ အမ်မလီဘလန့်တ်တို့က ပူးတွဲသရုပ်ဆောင်ထားကြပါတယ်။

play

ဒီဇာတ်ကားကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ စတင်ရုံတင်မှာ ဖြစ်ပါတယ်။

Sources : www.dailymail.co.uk

Photos : www.dailymail.co.uk, www.screenrant.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ