AD
AD
AD
play

 

The One Star သီချင်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလ ၊ (၂၆) ရက် ၊ ဂန္ဓမာဟိုး ဆေးလ်ဈေးဝယ်စင်တာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲကို လွန်ခဲ့သည့် (၃)လခန့်က စတင်၍ ရန်ကုန် ၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လူရွေးပွဲများ ပြုလုပ်ခဲ့ပြီး ဆန်ခါတင် (၁၀) ဦး ကို ထိုင်းနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ပေးခဲ့သည်။

အကဲဖြတ် ဒိုင်များအဖြစ် ရန်အောင်၊ ဖြူဖြူကျော်သိန်းနှင့် ထိုင်းနိုင်ငံမှ နာမည်ကြီး ဒါရိုက်တာ တစ်ဦးတို့က ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဆုရရှိသူကို ဆုငွေကျပ် သိန်း (၁၅၀) ချီးမြှင့်ပေးသွားမည်ဖြစ်ကာ တစ်ကိုယ်တော်အခွေထုတ်ပေးမည့် အစီအစဉ်လည်းပါရှိမည်။

ပြိုင်ပွဲဝင်များ၏ လေ့ကျင့်မှုများနှင့် ပြိုင်ပွဲအစီအစဉ်များကို နိုဝင်ဘာ (၂၆) ရက်မှစတင်၍ စကိုင်းနက်ရုပ်သံလိုင်းမှ အပတ်စဉ်ပြသသွားမည်ဖြစ်သည်။

Photo: နစ်ကီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD