Entertainment: နိုင်ငံတကာနဲ့ ပြည်တွင်း အနုပညာရှင်တွေ ပူးပေါင်းဖျော်ဖြေမယ့် Together Festival

အာရှဒေသရဲ့ ဂီတပွဲတော်ကြီးတစ်ခုဖြစ်တဲ့ Together Festival ကို ဒီဇင်ဘာ (၁၉)ရက် စနေနေ့တွင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ဝင်းမှာ ကျင်းပပြုလုပ်မယ်လို့ Together Festival Yangon 2015 ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၂ခုနှစ်မှ စတင်ပြီး Together Festival ဂီတပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ပြီး Electronic Music အသားပေးဖြစ်ကာ နိုင်ငံတကာနဲ့ ပြည်တွင်းမှ နာမည်ကျော် အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်ဖို့ ရည်ရွယ်ချက်နဲ့  Together Festival လို့ အမည်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

play

 

ယခုအထိတော့ လက်ရှိ DJMag TOP100 မှာ အဆင့် ၅၂ရ ရှိထားပြီး နိုင်ငံတကာ ဂီတပွဲတိုင်းလိုလိုမှာ တောက်လျှောက်ဖျော်ဖြေနေတဲ့ WolfPack အဖွဲ့ပါဝင်လာပြီလို့ Together Festival စာမျက်နှာမှာ ရေးထားပါတယ်။

play

 

အားတီနဲ့ ဒီဂျေဝိုင်တို့က ဒီပွဲမှာ ပွဲဦးထွက် ဖျော်ဖြေတင်ဆက်မယ်လို့လည်း အဆိုတော် အားတီက သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

လက်မှတ်တွေကိုတော့ VIP တန်းကိုတစ်သိန်းကျပ်၊ ရိုးရိုးတန်း လေးသောင်းကျပ်နဲ့  Ice Cream Bar, Rangoon Grill & Chill, Roof Alchemy, စိမ်းလန်းစိုပြေဥယျာဉ်နဲ့ The Bar BurDubai တို့ရမှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

 

Source and Photo : Facebook Pages of Together Festival Yangon 2015 and Ar-T

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ