Entertainment: ဂျနီဖာလိုပက်စ်ကို အင်စတာဂရမ်မှာ Unfollowed လုပ်လိုက်တဲ့ ရီဟားနား

ဂျေလိုနဲ့ ဒရိတ်ခ်တို့ကလည်း နှစ်ယောက်တွဲပုံ တင်လိုက်ပါတယ်။

play

 

ဒရိတ်ခ်ရဲ့အဆက်ဟောင်း ရီဟားနားက ဂျနီဖာလိုပက်စ်ကို အင်စတာဂရမ်မှာ Unfollowed လုပ်လိုက်ပြီး ဒရိတ်ခ်နဲ့ ဂျေလိုတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ အင်စတာဂရမ်စာမျက်နှာ နှစ်ခုစလုံးမှာ စုံတွဲပုံကို တင်လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် မနက်ခင်းမှာပဲ အသက် ၄၇ နှစ်အရွယ် ဂျနီဖာလိုပက်စ်နဲ့ အသက် ၃၀ အရွယ် ဒရိတ်ခ်တို့ဟာ နှစ်ယောက်တွဲဓာတ်ပုံကို တင်လိုက်ပြီး ချစ်သူတွေဖြစ်သွားပြီဆိုတာကို ကြေညာလိုက်တယ်လို့ ယူဆရပါတယ်။

ဓာတ်ပုံထဲမှာ ဂျေလိုက ဒရိတ်ခ်ရဲ့ရင်ခွင်ထဲမှာ လှဲနေပြီး တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားတာကို မြင်တွေ့ရပါတယ်။

play

 

ဒရိတ်ခ်က ဒီလအတွင်းမှာ ဂျေလိုရဲ့ လက်စ်ဗီးဂက်စ်ရှိုးပွဲကို နှစ်ကြိမ်သွားရောက်ခဲ့ပြီးကတည်းက သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

မကြာသေးမီကလည်း ဂျေလိုက ဒရိတ်ခ်နဲ့ ဆယ်ဖီအတူရိုက်ထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ