Entertainment: Victoria’s Secret ဖက်ရှင်ရှိုးမှာ မပါဝင်ခဲ့တဲ့ ကာလီကလို့စ်

Victoria’s Secret ရဲ့ ဖက်ရှင်ရှိုးတိုင်းမှာ သုံးနှစ်လုံးလုံးပါဝင်ခဲ့တဲ့ ကာလီကလို့စ်ဟာ သူမမပါဝင်ခဲ့တဲ့ Victoria’s Secret ရဲ့ ၂၀၁၅ ခုနှစ် Catwalk ရှိုးပွဲအပြီး နောက်တစ်ရက် နယူးယော့ခ်မြို့မှာ အေးအေးလူလူလမ်းလျှောက်နေတာတွေ့ရပြီး သူမကို ကြည့်ရတာ ပျော်ရွှင်နေပုံပါပဲ။

play

 

နာမည်ကျော် အလှမယ်လေးဟာ ဆွယ်တာအင်္ကျီအစင်းလေးပေါ်မှာ ရိန်းကုတ်အင်္ကျီထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လို့ ကြည့်ကောင်းနေခဲ့ပါတယ်။ ခေတ်ဆန်လှတဲ့ အနက်နဲ့ရွှေရောင်စပ် အိတ်လေးကိုစွဲထားပြီး လည်ရှည်ဘွတ်ဖိနပ်လေးနဲ့ သူမရဲ့ဖက်ရှင်ကို ဖြည့်စွပ်ထားပါတယ်။

play

Victoria’s Secert နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အဆုံးမှာ အဲဒီအမှတ်တံဆိပ်ရဲ့ ပင်တိုင်မော်ဒယ်အဖြစ်ကို စွန့်လွှတ်ခဲ့တဲ့ ကယ်လီကလို့စ်ကို သူမရဲ့အချစ်ဆုံး သူငယ်ချင်း တေလာဆွစ်နဲ့အတူ မနှစ်က ရှိုးပွဲမှာ တွေ့ရပုံပါ။

play


အပေါ်ကပုံကတော့ မနှစ်က သူမနဲ့ တွဲဖက် နတ်သမီးလေးတွေနဲ့အတူ စတိတ်စင်ပေါ်မှာ အတူရှိစဉ်ကပေါ့။ ဒီပုံအပါအဝင် Victoria’s Secret ရဲ့ နတ်သမီးတစ်ပါးအဖြစ် သူမ ပါဝင်ခဲ့တဲ့ ပုံတွေကို ကာလီဟာ Instagram မှာ ဒီတစ်ပတ်ထဲမှာ တင်ခဲ့ပါတယ်။

Source and Photos: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ