Entertainment: ယခုနှစ် Victoria’s Secret ရှိုးပွဲမှာ တွေ့ရတဲ့ နတ်သမီးသစ်လေး နှစ်ပါး

မော်ဒယ်လောကမှာ ငမ်းငမ်းတက် အလိုချင်ကြဆုံး အလုပ်တစ်ခုပါပဲ။ ဒီနေရာကို ရသွားရင် ငယ်ရွယ်တဲ့ မော်ဒယ်လေးတစ်ယောက် အောင်မြင်သွားပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

play

အသက် ၂၀ အရွယ် ဂီဂီဟက်ဒစ်နဲ့ ကန်ဒဲလ်ဂျန်နာတို့နှစ်ယောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ နယူးယော့ခ်မြို့ကြီးမှာ ကျင်းပတဲ့ VS ရှိုးပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ပျော်ရွှင် စိတ်လှုပ်ရှားနေကြမှာ အမှန်ပါပဲ။

အဲဒီရှိုးပွဲမှာ ကန်ဒဲလ်ဂျန်နာက သူမရဲ့တောင်ပံတွေကို ဖြန့်ကျက်ပြီး VS ရဲ့နတ်သမီးတစ်ပါးအဖြစ် ပါဝင်ခဲ့ပါတယ်။

play


မော်ဒယ်မလေး ဂီဂီဟက်ဒစ်ကလည်း လိပ်ပြာဝတ်စုံ၊ ငှက်မွေးဖိနပ်လေးနဲ့ လှပကျော့ရှင်းလို့ပေါ့။

play

ကန်ဒဲလ်ရဲ့ဖခင် ဘရုစ်ဂျန်နာ (ယခု ကိတ်လင်းဂျန်နာ) က လိင်ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချပြီးနောက် မျက်နှာချင်း မဆိုင်ခဲ့ကြတဲ့ ကန်ဒဲလ်ရဲ့မိဘနှစ်ပါးဖြစ်တဲ့ ကိတ်လင်းနဲ့ ခရစ် ဂျန်နာတို့နှစ်ဦးစလုံးကလည်း သူတို့ရဲ့သမီးလေးကို အားပေးဖို့ ရောက်လာခဲ့ကြပါတယ်။

play


ဧည့်သည်အဆိုတော်အဖြစ် ပွဲကိုတက်ရောက်လာတဲ့ ဆယ်လီနာဂိုးမက်ဇ်နဲ့ ဂီဂီတို့ သူငယ်ချင်းနှစ်ယောက်ကလည်း အတူကရင်း အချင်းချင်းနောက်ပြောင် ပျော်ရွှင်နေခဲ့ကြပါသေးတယ်။

Source and Photos: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ