Entertainment: ဒီနှစ် Victoria's Secrect ရှိုးမှာ အလန်းဆုံးမော်ဒယ် (၆) ဦး

Victoria's Secrect ဟာ စံသတ်မှတ်ချက်တွေနဲ့ အလှဆုံး၊ အလန်းဆုံး မော်ဒယ်တွေကိုပဲ ရွေးချယ်လေ့ရှိပါတယ်။

play

 

အမျိုးသမီး အတွင်းခံ အမှတ်တံဆိပ်ထဲမှာတော့ Victoria's Secrect လောက် ဘယ်အရာမှ နာမည်မကျော်ပါဘူး။ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Victoria's Secrect ရှိုးပွဲကိုလည်း လူတိုင်းက စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုကြပါတယ်။ ၂၀၁၅ ခုနှစ်အတွက် Victoria's Secrect ရဲ့ ဒီဇိုင်းအသစ်တွေကို မိတ်ဆက် ပြသတဲ့ ပွဲမှာတော့ မော်ဒယ် ၆ ဦး ဟာ မငေးဘဲ မနေနိုင်လောက်အောင် လန်းနေခဲ့ပါတယ်။

၁။ ပွဲဦးထွက် နတ်သမီး

play

 

ပွဲထွက်ကိုတော့ Behati Prinsloo နဲ့ စတင်လိုက်ပါတယ်။ ရော့ခ်သီချင်းတစ်ပုဒ်နဲ့အတူ လိမ္မော်ရောင် နတ်သမီးတစ်ပါးက ဦးဆောင်ပြီး ၂၀၁၅ ခုနှစ်ရဲ့Victoria's Secrect ရှိုးကို ဖွင့်လှစ်လိုက်တာပါ။

၂။ ကောက်ကြောင်းလှတဲ့ မော်ဒယ်

play

 

Victoria's Secrect ရဲ့ နတ်သမီးဆိုတာ ဒါပါလားလို့ သက်သေပြခဲ့သူပါ။ Victoria's Secrect ရှိုးပွဲကို ပထမဆုံးအကြိမ် ပါဝင်လာခဲ့တဲ့ သူမက အပြာနုရောင် ဝတ်စုံနဲ့ ကောက်ကြောင်းအလှ ပေါ်လွင်နေခဲ့ပါတယ်။

၃။ ရောင်စုံလိပ်ပြာလေးများ

play

 

ပွဲရဲ့ တတိယပိုင်းမှာတော့ ရောင်စုံလိပ်ပြာတွေ အစီအရီထွက်လာခဲ့ကြပုံက ဆန်းသစ်လွန်းပါတယ်။ အယ်လီ ဂေါလ်ဒင်းရဲ့ သီချင်းသံနဲအတူ စင်ပေါ်မှာ လိပ်ပြာတွေ ဝဲနေခဲ့ပါတယ်။ Lais Ribeiro ရဲ့ ခပ်ဆန်းဆန်း အရောင်လေးကတော့ ကြည့်ရှုနေသူတွေရဲ့ အာရုံကို ဖမ်းစားသွားတာပါ။

၎။ အမေရိကန်အလံ

play

 

အမေရိကန်အလံကို ညှို့အားပြင်းတဲ့ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ဝတ်စုံနဲ့ Taylor Hill က ဆင်မြန်းထားတဲ့အခါ သူမရဲ့ အလှက စင်ပေါ်မှာ ဝင့်ကြွားနေခဲ့ပါတယ်။

၅။ ရေခဲ နတ်သမီး

play

 

ပွဲထဲမှာ အသည်းခိုက်အောင် ခံစားသွားရမယ့် အလှအပနဲ့ ဖက်ရှင်တွေလည်း ပါဝင်ပါတယ်။ ‘Love Me Like You Do’ သီချင်းနဲ့ Candice Swanepoel ရဲ့ လှုပ်ရှားမှုတွေဟာ ရင်ဖိုစရာကောင်းလွန်းနေပါတယ်။ အသားကပ်ထားတဲ့ ဝတ်စုံမှာ ဝမ်းဗိုက်ပိုင်းကို V သဏ္ဍန် လှစ်ဟထားပုံက တစ်မျိုးလေး ဆန်းပြားနေပါတယ်။

၆။ မီးရှုး မီးပန်းများ

play

 

အတွင်းခံအဝတ်အစားကိုပဲ ထည်ဝါအောင် ဖန်တီးနိုင်တာ Victoria's Secrect ရဲ့ အစွမ်းပကားပါ။ ပွဲရဲ့ နောက်ဆုံးပိတ် အစီအစဉ်မှာ မီးရှုး မီးပန်းတွေအသွင် တပ်ဆင်ထားတဲ့ အလှအပတွေနဲ့ Lily Aldridge ကို မြင်လိုက်ရတဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့တာပါပဲ။

Source & Photo : www.thetrendspotter.net

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ