play

 

အခြားတောင်ကိုရီးယားနိုင်ငံသား သန်းပေါင်းများစွာကဲ့သို့ပဲ ဆိုးလ်မြို့က ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ပါ့ခ်ဆန်မင်းဟာ သူ့စမတ်ဖုန်းကို အချိန်ပြည့် စစ်ဆေးနေပြီး webtoon ခေါ် အင်တာနက် အခြေခံ ကာတွန်းတွေကို အချိန်ပြည့် ကြည့်နေသူပါ။

“တစ်ရက်ကို ၄ နာရီ၊ ၅ နာရီဖတ်တယ်။ တစ်ပတ်ကို နာရီ ၃၀ ကျော်တယ်။ တစ်ခါတလေ အလုပ်လုပ်ရင်းလည်း ကြည့်တယ်။ အားလပ်ရပ်တွေမှာလည်း ဖတ်တယ်။ နိုင်ငံခြားရောက်နေရင်တောင် ဖတ်ဖြစ်တယ်” လို့ သူက ပြောပါတယ်။

play

Webtoon ပန်းချီပညာရှင်တစ်ဦး။

တီထွင်ကြံဆတတ်ပြီး နည်းပညာ ကျွမ်းကျင်ကာ ငယ်ရွယ်တဲ့ ဂရက်ဖစ် ပညာရှင်တွေရဲ့ စိတ်ကူးစိတ်သန်း၊ အလွန်မြန်တဲ့ အင်တာနက်နဲ့ စမတ်ဖုန်းနှစ်သက်တဲ့ လူထုတွေရဲ့ အထောက်အပံ့ကြောင့် တောင်ကိုရီးယားမှာ ဒီယဉ်ကျေးမှုသစ်က တဟုန်ထိုးတိုးတက်လာနေပါပြီ။

Webtoon အများစုဟာ အပိုင်းလိုက်ဖြစ်ပြီး တစ်ပတ်ကို နှစ်ကြိမ် အခမဲ့ အင်တာနက်ပေါ်ကနေ ဖြန့်ပေးနေတာပါ။ အချစ်ဇာတ်လမ်းကစ ကြောက်မက်ဖွယ်ဇာတ်လမ်းအဆုံး အကုန်လုံးကို ရေးဆွဲဖော်ပြထားပါတယ်။

play

 

အခုဆိုရင် Webtoon တွေဟာ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေးကဏ္ဍတစ်ခုလုံးမှာ နာမည်ကြီးနေပြီး နာမည်အကြီးဆုံး Webtoon တွေဟာ တီဗွီ၊ ရုပ်ရှင်၊ အွန်လိုင်းဂိမ်းနဲ့ သီချင်းတွေမှာတောင် ပါဝင်နေပါပြီ။

Webtoon ဈေးကွက်ရဲ့ တန်ဖိုးက လက်ရှိမှာ ဝမ် ၄၂၀ ဘီလျံ (ဒေါ်လာ ၃၅၈ သန်း) ရှိပြီး ၂၀၁၈ ခုနှစ်မှာ နှစ်ဆကျော် တိုးတက်မယ်လို့ ယူဆရတယ်လို့ ဆိုးလ်မြို့အခြေစိုက် နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

Source : www.channelnewsasia.com

Photos : www.freemalaysiatoday.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video