Entertainment: လက်တွေ့ဘဝမှာလည်း စွန့်စားခဲ့ရတဲ့ Wonder Woman မင်းသမီး

Wonder Woman မင်းသမီး ဂဲဂဒေါ့ဟာ လက်တွေ့ဘဝမှာလည်း စစ်သမီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

play

 

Batman Vs Superman မှာ Wonder Woman အဖြစ် စတင်သရုပ်ဆောင်ခဲ့တဲ့ ဂဲဂဒေါ့ဟာ အစ္စရေးအလှမယ်ဆု ရရှိထားသူဖြစ်ပါတယ်။

play

 

တခြား သရုပ်ဆောင်မင်းသမီးတွေနဲ့ မတူတဲ့ အချက်ကတော့ သူမဟာ သူမရဲ့နိုင်ငံက စစ်တပ်ထဲမှာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

play

 

သူမဟာ စစ်ဝတ်စုံနဲ့ ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး တရားဝင် စစ်တပ် ဓာတ်ပုံရိုက်ကူးမှုမှာလည်း ဘီကီနီလေးဝတ်ပြီး ရိုက်ကူးခဲ့ချိန်မှာ ကမ္ဘာကျော်သွားခဲ့ပါတယ်။

အဲဒီဓာတ်ပုံကို အမျိုးသားများ ဖတ်တဲ့ Maxim မဂ္ဂဇင်းမှာ "အစ္စရေးစစ်တပ်က အမျိုးသမီးများ" ဆောင်းပါးနဲ့အတူ ဖော်ပြခံခဲ့ရပါတယ်။

play

 

ဂဲဂဒေါ့ဟာ Gucci ရဲ့ Bamboo ရေမွှေး ပင်တိုင်ကြော်ငြာမော်ဒယ်ဖြစ်လာပြီး အဲဒီတံဆိပ်ရဲ့ ရုပ်သံကြော်ငြာသစ်မှာ စန္ဒယားကို ကိုယ်လုံးတီးနဲ့ တီးနေတဲ့ပုံ ရိုက်ကူးခဲ့ပါတယ်။

အခုဆိုရင် သူမဟာ လီယိုနာဒိုရဲ့ ရည်းစားဟောင်းဖြစ်တဲ့ နာမည်အကြီးဆုံး အစ္စရေးမော်ဒယ် ဘားရက်ဖယ်လီနဲ့ အပြိုင် ဖြစ်နေပါပြီ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ