play

 

အရင်တစ်ခေါက်က ချီလီ Hana ခေါက်ဆွဲထုပ်နဲ့ ဘဲပေါင်းဆီချက် လုပ်စားဖြစ်တယ်။ အခုလည်း မချိုဝတ်ရည် ဆန်စီးရှမ်းခေါက်ဆွဲတဲ့လေ။ ဟိုနေ့က ဟိုတယ်မှာနားနေတုန်း TV မှာတွေ့လို့ လိုက်မှတ်ထားလိုက်တယ်။ အခုချီလီလည်း ရှမ်းပြည်ရောက်နေတာဆိုတော့ အတော်ပဲ။ ကိုယ်ကလည်း ရှမ်းစာ သိပ်ကြိုက်တာလေ။ ဒါကြောင့် နက်ဖြန် ကယား ရောက်ရင် သူငယ်ချင်းအိမ်မှာ လုပ်စားဖို့ မှတ်ထားလိုက်တယ်။ အောက်မှာ ဘယ်လိုလုပ်ရမယ် ဆိုတာလေး ပါတယ်။ အားလုံး လိုက်လုပ်စားကြမလား? ဒီတစ်ပတ် ပိတ်ရက်မှာ အိမ်ကလူတွေ လက်စွမ်းပြလိုက်ကြရအောင်။

ဝက်သားကို စပါးလင်၊ ငါးငံပြာရည် နုယ်ပြီး အရင်ကင်ပါ။ ဒါမှ အနံ့လေး မွှေးမယ်တဲ့။ ပြီးမှ Hana ဆန်စီးခေါက်ဆွဲရယ်၊ သခွားသီး၊ မုန်လာဥနီ ၊ ဆလတ်ရွက်တို့နဲ့ ရောသုပ်ထားပါ။ ကဲ ဆန်ဆီးခေါက်ဆွဲ လုပ်မယ်ဆိုရင်တော့ အောက်က နည်းအတိုင်းလုပ်ရပါမယ်။

ဝက်သားနှပ်ရန် ပါဝင်ပစ္စည်းများ -
ဝက်သား – ၃၀၀ ဂရမ် (နုပ်နုပ်စဉ်းပြီးသား)
စပါးလင် – ၁ခု (ပါးပါးလှီးပြီး ညက်အောင် ထောင်းထားပါ)
ငရုတ်ကောင်းမှန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ – ၂မွှာ(ညက်အောင် ထောင်းပါ)
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
Hana ဟင်းအနှစ်ထုပ် - စားပွဲတင်ဇွန်း ၂ဇွန်း (Hana ဆန်စီးခေါက်ဆွထုပ်ထဲတွင် ပါဝင်သည်)

play

 

ဆလတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများ
Hana ရှမ်းခေါက်ဆွဲ – ၃ထုပ်
မုန်လာဥနီ – ၁လုံး (အရှည်ပါးပါးလှီးပါ)
သခွားသီး – တစ်ဝက် (အစေ့ထုတ်ပြီး ပါးပါးလှီးပါ)
ပစူနီံ – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
ပဲပင်ပေါက် – လက်တစ်ဆုပ်စာ (ရေနွေးဖျောထားပါ)
မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပါ)
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၁ဇွန်း (ဖြူးရန်)

Sauce ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများ
ငရုတ်သီးနီတောင့် – ၁တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုပ်နှပ်စဉ်းပါ)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

play


ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဝက်သား(နုပ်နုပ်စဉ်းပြီးသား) များကို အရသာဝင်ရန် ပါဝင်ပစ္စည်းများဖြင့် နာရီအနည်းငယ်နှပ်ထားပေးပါ။ (ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည်၊ စပါးလင်၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ပျားရည်၊ ကြက်သွန်ဖြူ၊ ဆန်ဝိုင်) ။
၂။ပြီးလျှင် ဒယ်ထဲဆီထည့်ပြီး ဆီပူလာလျှင် ဝက်သားကိုထည့်ကြော်ပေးပါ။
၃။ Hana ဟင်းအနှစ်ထုပ်ကို ထည့်ပြီး ရောမွှေပါ။ ပန်းကန်ထဲ သတ်သတ်ဖယ်ထားပါ။
၎။ ထို့နောက် ဒယ်အိုးထဲ ရေထည့်ပြီး ဆူအောင် တည်ပါ။
၅။ ရေနွေးဆူပါက Hana ရှမ်းခေါက်ဆွဲ (ဆန်ခေါက်ဆွဲ) ၃ထုတ်ထည့်ပြီး ၂မိနစ်ခန့် ပြုတ်ပါ။
၆။ ရပြီဆိုလျှင် ဇကာဖြင့် Hana ဆန်ခေါက်ဆွဲ (ဆန်စီး) များကို ရေစစ်ထားပါ။
၇။ ထို့နောက် Sauce ပြုလုပ်ရန် အတွက် (ငါးငံပြာရည်၊ သကြား၊ သံပရာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း) တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပါ။
၈။ ပန်းကန်ထဲတွင် Hana ဆန်စီးခေါက်ဆွ၊ဲ ဝက်သားကြော်၊ ပဲပင်ပေါက်(ရေနွေးဖျောပြီးသား)၊ မုန်လာဥနီ(ရေနွေးဖျောပြီးသား)၊ မြေပဲ(ထောင်း)၊ ပစူနီံ တို့ကို ပြင်ဆင်ပါ။
၉။ အပေါ်မှ Sauce ရည်လောင်းထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီတဲ့

ဘယ်သူတွေ ကိုယ်နဲ့ တူတူ လိုက်ချက်မလဲ သိချင်မိတယ်။

Ace cook အကြောင်း သိချင်ရင် https://www.facebook.com/AcecookMyanmar/ #ACECOOK_Myanmar

(ဤဆောင်းပါးသည် Food Review အကောင်းဆုံးပေးနိုင်သည့် Go With Me ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video