Lifestyle: နည်းပညာက လူသားတွေကို ဝါးမျိုနေတယ်ဆိုတာ သေချာစေတဲ့ အချက် ၄ ချက်

, updated

လူမှုကွန်ယက်ဝက်ဆိုက်တွေသုံးစွဲမှုကြောင့် ဖြစ်နေရတဲ့ ရောဂါလက္ခဏာတွေ တစ်နေ့တစ်ခြား များလို့သာ လာပါတယ်။ လူမှုကွန်ယက်အသုံးပြုခြင်းကြောင့် စိတ်ဓါတ်ကျဆင်းလွယ်ခြင်း၊ စိုးရိမ်မှုများခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းလာခြင်း၊ ဘဝင်မြင့်ခြင်းနဲ့ အိပ်စက်မှုပြဿနာတွေကို လူသားတွေနေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။

၂၀၁၃ ခုနှစ်တုန်းက Time မဂ္ဂဇင်းရဲ့ အဆိုအရ Facebook အသုံးပြုခြင်းဟာ မနာလိုခြင်းနဲ့ စိတ်ဓါတ်ကျဆင်းခြင်းကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်က သူ့နဲ့အဆင့်တူ လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ Facebook စာမျက်နှာပေါ်မှာ မွေးနေ့ဆုတောင်းတွေ သူ့ထက်ပိုရတာမြင်နေရရင် မနာလိုမှုဖြစ်ဖို့ များစေတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ Relationship နေရာမှာ Single ကနေ Relationship ပြောင်းသွားတာမျိုး မြင်နေရရင်လည်း စိတ်ခံစားမှု များလာစေတက်ပါတယ်။

အခုဖော်ပြမှာကတော့ ဒီနေ့ခေတ်မှာ နည်းပညာပစ္စည်းတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အကြီးမားဆုံး လှုပ်ခပ်နေစေတဲ့ အချက် ၄ ချက်ဖြစ်ပါတယ်။ 

play

 

၁။ မနက်နိုးနိုးခြင်း စမတ်ဖုန်းကို ကြည့်ခြင်း

ယနေ့ခေတ်မှာ မနက်အိပ်ယာနိုးတာနဲ့ ကိုယ့်ရဲ့ဖုန်းကို ဖွင့်ပြီး facebook, twitter, instagram စတာတွေကို ကြည့်တက်ကြပါတယ်။ ဟိုအရင်ကတော့ သင်အိပ်ယာထဲ လှဲနေတဲ့အချိန်ဆိုရင် ဘဝရည်မှန်းချက်တွေ၊ ဒီနေ့ ကြုံရတဲ့ကိစ္စတွေနဲ့ ကိုယ်တစ်ဖက်သက်ကြိုက်နေသူအကြောင်း စသဖြင့် တွေးလို့ရပါတယ်။ အခုတော့ သင့်မှာ စမတ်ဖုန်းပွတ်နေတာနဲ့ပဲ တွေးဖိုးအချိန်မရှိတော့ပါဘူး။ ကျွန်တော်တို့ဟာ နည်းပညာကို မူးယစ်ဆေးလို့ စွဲလန်းနေခဲ့ပြီ ဖြစ်ပါတယ်။

၂။ ကျွန်တ်ေတို့ဟာ အန္တရာယ်နဲ့ လက်တစ်လုံးခြားပြီး ကားမောင်းနေကြရတာဖြစ်ပါတယ်။

အန္တရာယ်ရှိရုံသာမက သေစေတဲ့အထိပါ ဖြစ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ကားမောင်းတာာကို အာရုံမစိုက်ပဲ မောင်းတဲ့ ဒရိုင်ဗာတွေကြောင့် သေဆုံးရသူများစွာ ရှိသလို ဒဏ်ရာရသူလည်း အများအပြားရှိနေပါတယ်။ ကားမောင်းနေရင်း မက်ဆေ့ပို့တာမျိုးနဲ့ အီးမေးလ်စစ်တာမျိုးဟာ အလွန်ကို အန္တရာယ်များလှပါတယ်။ မက်ဆေ့ရိုက်နေရင်း ကားမောင်းတာနဲ့ မျက်လုံးပိတ်ပြီး ကားမောင်းတာ သိပ်ထူးမခြားနား လုပ်ရပ်ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ဆုံးရှုံးရတဲ့ အသက်ပေါင်းတွေ မနည်းတောာ့ပါဘူး။

၃။ Selfie ရိုက်ရတာ ပျော်မွေ့သူများ

ကျွန်တော်တို့ဟာ နေ့စဉ်ဘာအကြောင်းပြချက်မှမရှိပဲ Selfie တွေရိုက်နေကြပါတယ်။ လူတိုင်း အသစ်အဆန်းကို နှစ်သက်တာ သဘာဝဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ကို တစ်ချက်ပွတ်လိုက်ရုံနဲ့ ကင်မရာပွင့်လာစေမယ့် ဖုန်းမျိုးတွေ ကျွန်တော်တို့လက်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ အချိန်တိုင်းအတွက်တော့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ဖုန်းနဲ့မှတ်တမ်းတင်စရာ မလိုအပ်ပါဘူး။ တစ်ခါတရံ ပျော်စရာတွေ ရတဲ့အခါ၊ တစ်ခါတစ်ရံ စိတ်ခံစားမှုကောင်းတဲ့အခါမျိုးတော့ ရိုက်နိုင်ပါတယ်။ ကိုယ်လုပ်နေတာ မှန်လား မှားလားဆိုတာကိုတော့ ဆုံးဖြတ်ကြည့်ဖို့ လိုပါလိမ့်မယ်။

၎။ ဖုန်းဟာ သင့်ဘဝဖြစ်နေပြီလား။

တစ်ချို့အတွက်တောာ့ စမတ်ဖုန်းဟာ သူတို့ဘဝလိုတောင်ဖြစ်နေပါတယ်။ အီးမေးလ်လိပ်စာတွေ၊ ဖုန်းနံပတ်တွေ၊ ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ ဘဏ်အကောင့်အချက်အလက်တွေ၊ အွန်လိုင်းစာရင်းရှင်းတမ်း စတာတွေဟာ ဖုန်းထဲမှာပဲရှိတက်တာပါ။ အရင်ကလို ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ မှတ်ထားတဲ့ အချက်အလက်တွေ ဘယ်လောက်တောင်များ ရှိသေးလို့လဲ။

စဉ်းစားကြည့်ကြဖို့တော့ လိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ