Lifestyle: ဟာသလုပ်တက်တဲ့ ကောင်မလေးတွေကို ဘာကြောင့်ရွေးသင့်လဲဆိုတာ……

, updated

ရယ်သံတွေကင်းမဲ့နေတဲ့ ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုဟာ ရယ်စရာကောင်းပါတယ်။ ရယ်မောခြင်းဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် အလွန်အရေးပါလှပါတယ်။

သင့်အနေနဲ့ ဘာကြောင့် ဟာသတွေလုပ်တက်တဲ့ မိန်းကလေးကို ချစ်သူအဖြစ်ရွေးချယ်သင့်လဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဟာသကို နားလည်လွယ်ကာရယ်မောတက်ပြီး သင့်ကိုပြန်ပြီး နောက်ပြောင်တက်တဲ့ သူမျိုးတွေ့ထားရင်တော့ သင်လက်မလွှတ်သင့်ပါဘူးလို့ ဆိုပါရစေ။

ဒီလိုပြောလို့ ဟာသသရုပ်ဆောင်တွေကို ရည်းစားလုပ်ဖို့ စဉ်းစားမနေပါနဲ့ဦး။ သင့်ကို ရယ်မောအောင် လုပ်နိုင်တဲ့သူဆို ရပါပြီ။ သူတို့နဲ့ ချစ်သူဖြစ်တဲ့အခါ ကောင်းတဲ့အချက်တွေရှိပါတယ်။ အောက်မှာ ကြည့်လိုက်ပါဦး။

 

၁။ သူတို့က သင့်ကိုဖိအားတွေ လျော့စေပါတယ်။

ရယ်မောခြင်းက သဘာဝရဲ့အကောင်းဆုံး ဆေးတစ်ခွက်ဆိုတာ မမေ့ပါနဲ့။ ရယ်မောခြင်းကြောင့် ဖိအားနဲ့ စိုးရိမ်မှုတွေ ပြေလျော့ပျောက်ကွယ်စေပါတယ်။ တစ်နေ့တာကို ကောင်းကောင်းရယ်မောပြီး ဖြတ်သန်းခဲ့မယ်ဆိုရင် သင်ကောင်းကောင်းအိပ်စက်နိုင်မှာဖြစ်သလို နေလို့လည်း ပိုကောင်းလာပါလိမ့်မယ်။ ရယ်မောခြင်းရဲ့ ဆန့်ကျင်ဘက် ဖိစီးမှုများတဲ့ ဆက်ဆံရေးဟာ ဘာမှကောင်းကျိုးမဖြစ်စေဘူးဆို သတိရပါ။

၂။ ဘဝမှာ စိုးရိမ်နေမှုတွေ မလိုချင်သူ

သင့်ကို ဟာသတွေလုပ်တက်တဲ့ မိန်းကလေးဟာ ဘဝမှာ စိုးရိမ်မှုတွေသိပ်မထားပဲ ပျော်ပျော်နေတက်သူ ဖြစ်တယ်ဆိုတာ သေချာပါတယ်။ သူမရဲ့ ဘဝမှာ ရှုံးနိမ့်ခြင်းတွေ အဆင်မပြေမှုတွေ ဘယ်လောက်ပဲ များခဲ့ပါစေ သူမသင်နဲ့ ရှိနေချိန်မှာ ဟာသလုပ်နိုင်တယ်ဆိုရင်တော့ သူမဟာ သင့်ကို အလေးထားသူလည်း ဖြစ်ပါတယ်။ ဘဝရဲ့ သာယာမှုကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာ သိနေသူတွေဖြစ်တက်ပါတယ်။ အရင်က သင့်မှာရှိနေတဲ့ သာယာချိန်တွေကို ပိုတိုးလာအောင် သူမကလုပ်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်။

၃။ သင့်ကိုဘယ်လို ဂုဏ်ပြုရမလဲဆိုတာ သူမအမြဲသိနေတက်တယ်။

သင့်ရဲ့တစ်နေ့တာက ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ သူတို့က သင့်ကိုအဆင်ပြေအောင် လုပ်ပေးတက်ပါတယ်။ သင့်ကိုဘယ်လိုပျော်အောင်ထားရမလဲဆိုတာ အမြဲစဉ်းစားနေသူမျိုးပေါ့။ အဆိုးတွေကြားထဲက သင်နေလို့ကောင်းသွားအောင်သူတို့ အလွယ်တကူလုပ်နိုင်ပါတယ်။

၎။ အမှားတွေကို ရယ်စရာနဲ့ အစားထိုးတက်သူ

ဟာသူဥာဏ်ရွှင်သူမိန်းကလေးတွေက သင်နဲ့အတူ တနေ့တာအလွဲတွေကို ဝေမျှေတက်ပါတယ်။ ကျွန်တော်တို့ အားလုံးလူသားတွေဖြစ်တဲ့အတွက် အမှားမကင်းကြပါဘူး။ အမှားတွေက သင်ခန်းစာအမြဲယူနေရတာပဲလေ။

သူတို့လိုမိန်းကလေးတွေကတော့ သင်အမှားလုပ်မိရင်တောင် ရယ်စရာအဖြစ်ပြောနေပါလိမ့်မယ်။ သူဟာ သင့်အတွက်လွတ်လွတ်လပ်လပ်တိုင်ပင်ဖော် နှီးနှောဖော်တစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၅။ ဘဝဟာ သာယာကြောင်း တွေးတက်လာခြင်း

သူနဲ့အနေကြာလာတဲ့အခါ ဘဝဟာ ပျော်စရာကောင်းပါလားလို့ သင်တွေးမိလာပါလိမ့်မယ်။ သင့်အတွေးထဲမှာ အရင်ကရှိခဲ့တဲ့ မကောင်းမြင်စိတ်တွေ ရှိမှာမဟုတ်တော့ပါဘူး။ ကမ္ဘာကြီးဟာ သင်နဲ့တသားတည်းလို့တောင် ထင်လာပါလိမ့်မယ်။

၆။ သူမဟာာ မရှိမဖြစ်ဆိုတာ သင်သိလာမယ်

မကြာခင်မှာပဲ သင်ဟာ အရင်ကထကက် ပျော်စရာတွေ ပိုရလာပြီဆိုတာ တွေးမိပါလိမ့်မယ်။ သူမက သင့်ကို ရယ်မောစေတယ်။ သင်တို့အတူတကွ ရယ်မောတာတွေများလာတဲ့အခါ ဟာသတွေထက် ပိုအရေးကြီးတာက သူမဟာ သင့်အတွက် မရှိမဖြစ်ဆိုတာ သင်သဘောပေါက်လာပါလိမ့်မယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ