Lifestyle: ဓါတ်ပုံဆရာ မငှားပဲ ကိုင်တိုင်ရိုက်ဓါတ်ပုံတွေနဲ့ မင်္ဂင်္လာဆောင်ခဲ့သူ သတို့သမီး

အမျိုးသမီးတွေအတွက်တော့ မင်္ဂလာပွဲဟာ ဘဝမှာအရေးကြီးဆုံးကိစ္စတစ်ရပ်လို့ ဆိုနိုင်သလို အလုပ်အရှုပ်ဆုံး အချိန်တစ်ခုလည်းဖြစ်ပါတယ်။ အက်စတိုးနီးယားမှာ နေထိုင်သူ အသက် ၂၉ နှစ်အရွယ် လီဆာလုစ်ကတော့ သူ့ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံအယ်လ်ဘမ်အတွက် သူကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုသာ အသုံးပြုခဲ့လို့ ထူးခြားနေပါတယ်။

play
play
play

 

လွန်ခဲ့တဲ့လကပဲ သူတို့လက်ထပ်ပွဲကျင်းပခဲ့ကြတာပါ။

play
play

မင်္ဂလာပွဲအတွက် ရလာမယ့် စိတ်ဖိစီးမှုတွေလည်း မလိုချင်သလို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုအဖြစ်လည်း သူတို့မင်္ဂလပွဲကို မဖြစ်ချင်ခဲ့ဘူးလို့ လုစ်က buzzfeed ကိုပြောခဲ့ပါတယ်။

play
play

 

ဒါကြောင့်ပဲ သူတို့အတွက် မင်္ဂလာရက်နီးလာသည့်တိုင် မင်္ဂလာမောင်နှံနှစ်ဦးဟာ အေးအေးလူလူဖြစ်နေခဲ့ပါတယ်။ မင်္ဂလာပွဲအတွက် ပရော်ဖက်ရှင်နယ်ဓါတ်ပုံဆရာလည်း မလိုခဲ့ပါဘူး။ မင်္ဂလာပွဲဟာ တရားဝင်ဖြစ်ရုံလောက်ပဲ သူတို့ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။

play
play

 

သတို့သမီးလုပ်စ် ဖူဂျီကင်မရာ X-T10 နဲ့ရိုက်ထားတဲ့ မင်္ဂလာပုံတွေကိုလည်း ကြည့်လိုက်ပါဦး။

play
play

 

မင်္ဂလာပွဲအတွက် အစီအစဉ်များများ ကြိုမထားခဲ့တဲ့အတွက် အချိန်လည်းသိပ်မပေးခဲ့ရဘူးလို့ လုပ်စ်က ပြောပြပါတယ်။

play
play
play

သူတို့မင်္ဂလာပွဲနေ့က မိုးနည်းနည်းအုံ့နေလို့ ကိုယ်တိုင်ရိုက်မယ့် ဓါတ်ပုံတွေအတွက် စိန်ခေါ်မှု ဖြစ်ခဲ့ပေမယ့် သိပ်တော့စိတ်ပူခဲ့ဘူးလို့ သတို့သမီးက ပြောပြန်ပါတယ်။

play
play
play

 

လူတွေဆီက ပြန်ကြားရတာကတော့ သူတို့မင်္ဂလာပွဲဟာ ရိုးရှင်းပြီး ကိုယ်ပိုင်စိတ်ကူးကောင်းခဲ့တဲ့အပြင် စစ်မှန်တဲ့ အခမ်းအနားတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

တစ်ချို့ကတော့လည်း မင်္ဂလာပွဲတွေထုံးစံအတိုင်း ဓါတ်ပုံဆရာတစ်ယောက်တော့ ငှားသင့်တယ်လို့ ပြောကြသလို သူကလည်း ဒီအစဉ်အလာကို ဆန့်ကျင်တာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

play
play

 

ဘဝမှာ မင်္ဂလာဆောင်တဲ့ ကိစ္စသာမက အခြားအရေးကြီးတဲ့ကိစ္စတွေမှာလည်း လူတိုင်းလူတိုင်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လုပ်တာ ပိုကောင်းလိမ့်မယ်လို့ ဓါတ်ပုံဆရာမလိုချင်တဲ့ အဆိုပါ သတို့သမီးက ပြောခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ