Lifestyle: နှစ် ၇၀ နီးပါးကွဲကွာခဲ့ပြီးမှ ပြန်ဆုံတွေ့ရသူ အမြွှာညီအစ်ကို

ဒုတိယကမ္ဘာစစ်အတွင်းကွဲကွာသွားကြတဲ့  အမြွှာညီအစ်ကိုနှစ်ဦးဟာ နှစ်ပေါင်း ၇၀ နီးပါးကြာပြီးနောက် ပြန်လည်ဆုံတွေ့နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

အသက် ၆၉ နှစ်စီရှိကြပြီဖြစ်တဲ့ အဆိုပါအမြွှာညီအစ်ကိုနှစ်ဦးဟာ ဂျာမနီအလုပ်သမားစခန်းကနေ လွတ်မြောက်ခွင့်ရလာတဲ့ မိခင်တစ်ဦးရဲ့ သားတွေဖြစ်ခဲ့ကြပါတယ်။ အမြွှာနှစ်ယောက်ကိုမွေးပြီးတဲ့နောက် သူတို့မိခင်ဟာ နေမကောင်းဖြစ်လာခဲ့ပြီး သူတို့လည်း မွေစားမယ့် မိဘတွေရှိတဲ့ ပိုလန်နိုင်ငံကို အပို့ခံခဲ့ရပါတယ်။ ၁၉၆၀ မှာတော့ ဂျော့်ရှ်က သူဟာမွေးစားမိဘတွေနဲ့ နေထိုင်ရတာကို သိသွားခဲ့ပေမယ့် ကမ္ဘာ့ကြက်ခြေနီအသင်းကလည်း သူ့ရဲ့အမြွှာကို ကူမရှာပေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ သူ အမေရိကကို ပြောင်းရွှေ့ခဲ့ပါတယ်။ လူစီယန်ကတော့ ပိုလန်မှာပဲ ဆက်လက်နေထိုင်ခဲ့ပြီး မနှစ်ကမှ သူ့မှာအမြွှာညီအစ်ကိုရှိတယ်ဆိုတာ သိခဲ့ရသူဖြစ်ပါတယ်။ “ ဒါပေမယ့် နှလုံးသားထဲကတော့ သိနေခဲ့တယ် ” လို့ လူစီယန်က ပြောပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ညီအစ်ကိုနှစ်ဦးရဲ့ လိပ်စာတွေကို ကမ္ဘာ့ကြက်ခြေနီအသင်းက စုံစမ်းနိုင်ခဲ့ပြီး သူတို့နှစ်ဦးကို အဆက်အသွယ်လုပ်ပေးနိုင်ခဲ့ပါတယ်။ “ ညီအစ်ကိုနှစ်ဦး တွေ့နိုင်မလားဆိုတာ မသိခဲ့ပေမယ့် ဒီလိုတွေ့ဖို့ အမြဲတမ်းစဉ်းစားနေခဲ့မိပါတယ် ” လို့ ဂျော့ရှ်က ပြောပါတယ်။

 

နှစ်ပေါင်းများစွာ ကွဲနေပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ တွေ့ခဲ့ကြပြီ ဖြစ်ပါတယ်။

“ ထီပေါက်ဖို့ထက် ကျွန်တော်ကတော့ ကျွန်တော့်အမြွှာကို ဘေးနားခေါ်ထားနိုင်ဖို့ ပိုပြီး ဆန္ဒရှိပါတယ်” လို့ လူစီယန်က ပြောခဲ့ပါတယ်။

ညီအစ်ကိုနှစ်ဦးဆုံတွေ့ချိန်မှာတော့ မိသားစုဘိုးဘွားစဉ်းဆက် ဇယားကို သူတို့လေ့လာခဲ့ကြပါတယ်။

 

သူတို့ဖခင်က အမေရိကန်စစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး သူတို့မွေးပြီးတဲ့အခါ အမေရိကကိုပြန်သွားခဲ့ပါတယ်။ အဲဒီနောက်သူတို့ ပိုလန်အပို့ခံခဲ့ရတယ်ဆိုတာ သိခဲ့ပြီး သူတို့မိခင်က သူမမသေခင် ၁၉၅၂ ခုနှစ်အထိ သူတို့ညီအစ်ကိုနှစ်ဦးကို လိုက်လံရှာဖွေခဲ့သူ ဖြစ်နေပါတယ်။

“ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံနိုင်ခဲ့ပြီ။ နောက်ဆုံးတော့ ဒီပုံပြင်ကို အဆုံးသတ်နိုင်ခဲ့ပြီလေ” လို့ဂျော့်ရှ်က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ