Lifestyle: ဒုက္ခသည်ဘဝမှ ကမ္ဘာကျော်ဘဝသို့ ချက်ခြင်းရောက်လာသည့် သားအဖ

ဟန်ဂေရီနယ်စပ်မှာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ပြေးလွှားခဲ့ကြစဉ်တုန်းက ကင်မရာရိုက်ကူးသူ အမျိုးသမီးတစ်ဦးရဲ့ ကန်ကျောက်ခြင်းကို ခံခဲ့ရသူသားအဖဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။ အခုတော့ ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုရဲ့ လက်ကိုကိုင်ပြီး ဘောလုံးကွင်းထဲဝင်ခွင့်ရတဲ့ ကလေးငယ်လေး ဖြစ်နေခဲ့ပါပြီ။

play

 

ကလေးငယ်နဲ့ သူ့ရဲ့ဖခင်ဖြစ်သူဟာ နယ်စပ်အတားအဆီးကို အပြေးဖြတ်ကျော်လာချိန် ကင်မရာဝန်ထမ်းအမျိုးသမီးရဲ့ ကန်ကျောက်ခြင်းကို ခံလိုက်ရပြီးတဲ့နောက် လဲကျသွားတဲ့ ဗီဒီယို ပျံ့နှံ့ခဲ့ပြီးတဲ့နောက် နာမည်ြ့ကီးလာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဆိုပါဂျာနယ်လစ်ကလည်း သူ့ရဲ့ အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

play

 

Ziad လို့အမည်ရတဲ့ ကလေးငယ်နဲ့ သူ့ဖခင်ဖြစ်ရပ်ဟာ ကမ္ဘာ့ခေါင်းကြီးသတင်းအဖြစ် ဖော်ပြခံခဲ့ရပြီး သူ့ဖခင် အိုစမာအာမို့ရှ်ကလည်း ဘောလုံးနည်းပြတစ်ဦးဖြစ်နေခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာ စပိန်ဘောလုံးအကယ်ဒမီ တစ်ခုရဲ့ ကမ်းလှမ်းခြင်းကိုလည်း ခံခဲ့ရပြန်ပါတယ်။

ပြီးခဲ့တဲ့ ကြာဿပတေးနေ့တုန်းက သူတို့သားအဖဟာ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌပီရက်ဇ်နဲ့လည်း တွေ့ခွင့်ရခဲ့ပြန်ပါတယ်။

play

 

စနေနေ့က ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်မှာတော့ Ziad ကရီးရဲလ်မက်ဒရစ်ဂျာစီကို ဝတ်ဆင်ပြီး ရော်နယ်ဒိုရဲ့ လက်ကိုကိုင်ဆွဲကာ ကွင်းထဲလိုက်ပါခွင့်ရခဲ့ပါတယ်။

play

 

 အဲဒီနေ့ကပွဲမတိုင်ခင်မှာ  ဒုက္ခသည်တွေကို ထောက်ခံတဲ့စာတန်းပါ အင်္ကျီကို ဝတ်ဆင်ခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ဒုက္ခသည်တွေအတွက် ယူရို ၁ သန်းလှူဒါန်းမယ်လို့ ဆိုထားပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ