Lifestyle: လူငယ်နှစ်ဦးရဲ့ ရဲဝံ့တဲ့ မင်္ဂလာပွဲ

ငယ်ရွယ်သူစုံတွဲတစ်တွဲဖြစ်တဲ့ ဂျန်ကာတာဆိုသူမိန်းမပျိုနဲ့ ဆော်လမွန်ချူးတို့ဟာ ရဲရင့်တဲ့လုပ်ရပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

play

 

၂၀၁၄ ဒီဇင်ဘာလတုန်းက သူတို့နှစ်ဦးလက်ထပ်ဖို့ စတင်တိုင်ပင်ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် မကြာခင်မှာပဲ ချူးမှာ အသည်းကင်ဆာဖြစ်နေတ တွေ့လိုက်ရပါတယ်။

play

 

ဒါပေမယ့်ချူးကဇွဲမလျော့ခဲ့ပါဘူး။ သူပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ခွဲစိတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မတ်လထဲမှာပဲ သူ့ရဲ့ကင်ဆာဟာ ပျံ့နှံ့နေပြီးကုဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ချူးတစ်ယောက်သိလိုက်ရပါတယ်။ မင်္ဂလာဆောင်ဖို့ အစီအစဉ်ကိုတော့ လက်မလျှော့ခဲ့ပါဘူး။ သူတို့နှစ်ဦး တက်နိုင်သမျှ မြန်မြန်မင်္ဂလာဆောင်နိုင်ဖို့ ရန်ပုံငွေရှာရပါတော့တယ်။

play

 

 GoFundMe ဆိုတဲ့ လူမှုကွန်ယက် ဝက်ဆိုက်မှာ ကြေငြာပြီး မင်္ဂလာဆောင်ပိုက်ဆံရဖို့ သူတို့ကြိုးစားခဲ့ပါတယ်။ သူမသေခင် ဆက်ကြားလေးမှာ သူ့ချစ်သူနဲ့ မင်္ဂလာဆောာင်သွားချင်တဲ့အတွက် ချူးက ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တစ်ခဏအတွင်းမှာပဲ ရန်ပုံငွေ ဒေါ်လာ ငါးသောင်းနှစ်ထောင်ရခဲ့ပြီး ဧပြီလမှာ သူတို့မင်္ဂလာပွဲ ကျင်းပနိုင်ခဲ့ပါတယ်။

play

 

အခုတော့ ချူးဟာ သြဂုတ်လ ၁၇ နေ့က ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ ဇနီးသစ်ကလေးနဲ့အတူ ရက်ပေါင်း ၁၂၈ ရက်သာနေသွားခဲ့ရသူ ဖြစ်ပါတယ်။ သူတို့အကြောင်းဟာလည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ