Lifestyle: မမ ဝဝ ယောဂ ဆရာမ

ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဟိုဆေးမြို့မှာ နေထိုင်သူ မိန်းကလေးဟာ ကမ္ဘာတစ်လွှားက မမဝဝ တွေအတွက်တော့ အတုယူအားကျစရာ မိန်းကလေးဖြစ်ပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဆူဂန်လို့ခေါ်တဲ့ ဒီမိန်းကလေးဟာ ဝနေပေမယ့်လည်း သူဟာ ယောဂကို ကောင်းကောင်းကစားနိုင်နေသူ တစ်ဦးဖြစ်ပါတယ်။

 

ရုတ်တရက်ကြည့်ရင်တော့ ဝလွန်းတဲ့သူ့ခန္ဓာကိုယ်က ယောဂကစားနိုင်မယ်လို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် သူယောဂကစားလာတာ လေးနှစ်ရှိပြီဖြစ်ပါတယ်။

 

သူဟာ အခုတော့ လူမှုကွန်ယက် Instagram မှာလည်း လူသိများသူတစ်ယောက်ဖြစ်နေပါပြီ။ ယောဂလေ့ကျင့်နေစဉ်မှလည်း သူမရဲ့ခန္ဓာကိုယ်ဟာ ဝနေပါလားဆိုတာကို ဘယ်တော့မှမတွေးခဲ့ဘူးလို့ သူကပြောပါတယ်။

 

 “ ယောဂ ကစားတာ ကျွန်မအတွက်တော့ အကောင်းမြင်စိတ်တွေရစေသလို၊ စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ် ” လို့ သူမက ပြောပါတယ်။ အရင်ကတည်း သူမလည်း ဒီခန္ဓာကိုယ်နဲ့ ယောဂဆော့လို့ရပါ့မလားလို့ စိုးရိမ်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း ဆူဂန်က ဝန်ခံထားပါတယ်။

 

အခုတော့ ယောဂဟာ သူမရဲ့ဘဝလိုတောင်ဖြစ်လာတဲ့အတွက် ယောဂဆရာမတစ်ယောက်ဖြစ်ဖို့ ဆူဂန် ပြင်ဆင်နေပြီဖြစ်ပါတယ်။
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ