Lifestyle: တက္ကဆက်က အဘိုးအိုတီထွင်တဲ့ ခွေးရထား

တက္ကဆက်မှာ နေထိုင်သူ ဘော့စတစ်ဆိုသူ အဘိုးအိုဟာ အိမ်ခြေရာမဲ့ခွေးကလေးတွေကို စောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ သူ့ရဲ့ညီဖြစ်သူနဲ့အတူ လွန်ခဲ့တဲ့နှစ် ၃၀ လုံးလုံး တောရိုင်းတိရိစ္ဆာန်တွေ နဲ့ နီးကပ်စွာနေလာခဲ့ပြီးတဲ့နောက် အခုတော့ သူတို့ အကောင်းဆုံး အကြံဥာဏ်တစ်ခု ရသွားခဲ့ပါတယ်။

သူတို့ဆီမှာရှိနေတဲ့ ခွေးကလေးတွေအတွက် ရထားတစ်စင်းတည်ဆောက်ဖို့ အကြံဥာဏ်ရခဲ့တာဖြစ်ပါတယ်။

play

 

ထွန်စက်တစ်စီးက ကားတွေကို နောက်တွဲအနေနဲ့ ဆွဲပြီးမောင်းနှင်သွားတာကို တွေ့လိုက်ပြီးတဲ့နောက် ဘော့စတစ်က သူ့ရဲ့ခွေးတွေအတွက် ရထားတွဲလုပ်ပေးဖို့ အကြံရခဲ့တာဖြစ်ပါတယ်။ တစ်ပတ်တစ်ခါ ခွေးကလေးတွေကို ရထားပေါ်တင်ပြီး မြို့အနှံ့တပတ် မောင်းနှင်ပေးပါတယ်။ တစ်ပတ်တစ်ခါ ရထားစီးရမယ့် အချိန်ရောက်တိုင်း ခွေးကလေးတွေ စိတ်လှုပ်ရှားနေတက်ပြီလို့ ဘော့စတစ်က ပြောပြပါတယ်။ အဲဒီမြို့မှာတော့ ဘော့စတစ်နဲ့ သူ့ရဲ့ခွေးရထားတွဲက နာမည်ကြီးဖြစ်နေပါပြီ။

play

 

“ ကျွန်တော့်အသက် ၈၀ ရှိပြီလေ။ ဒါကို ကျွန်တော်အချိန်အကြာကြီး လုပ်နိုင်တော့မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် လုပ်နိုင်တဲ့အချိန်ထိ လုပ်သွားပါမယ်” လို့ဘော့စတစ်က ဆိုပါတယ်။ သင်တို့ရဲ့အချစ်တော် တိရိစ္တာန်လေးတွေအတွက်လည်း ဒီသတင်းက အိုင်ဒီယာအသစ်အဆန်းတစ်ခု ပေးနိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ