Lifestyle: သင့်အချစ်ရေး ခိုင်မြဲဖို့အတွက် ဒါတွေလုပ်ပေးဖို့လို

, updated

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ကြပါရဲ့နဲ့ နှစ်ဦးသားကြားမှာ ချစ်စိတ်ပြင်းပြမှုတွေ မရှိတော့သလို ဖြစ်သွားတာမျိုးကို စုံတွဲတွေကြုံဖူးကြပါလိမ့်မယ်။ ဘာကြောင့်များပါလဲ။

ကိုယ်ပေးသလောက်၊ ကိုယ်ချစ်သလောက် သူပြန်ပေးနိုင်မယ်၊ သူချစ်နိုင်မယ်လို့ မျှော်လင့်ထားရင် သင်အလွဲကြီး လွဲနေပါပြီ။ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ခြင်း အတိအကျတူမှာမဟုတ်သလို နှလုံးသားအရွယ်အစားလည်း မတူနိုင်ပါဘူး။ ချစ်သူနှစ်ဦးကြားမှာ တစ်ဦးအပေါ်တစ်ဦး မက်မောတွယ်တာစိတ်တွေ ကုန်ခမ်းလာတာဟာ မကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ရအောင် အဲဒါတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ပါဦး။

play

 

၁။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ သူရှောင်နေပြီဆိုရင်

အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ သူကရှောင်ဖယ်နေပြီဆိုရင်တော့ ဒါဟာ မကောင်းတော့တဲ့ လက္ခဏာ ဖြစ်ပါတယ်။ အရေးပေါ်ထွက်ပေါက်ကို သင့်အတွက်ရှာသင့်နေပါပြီ။ အချစ်ရေးမှာ အဆင်မပြေဖြစ်ကြတာရဲ့အများစုက နှစ်ဦးတွေ့ဆုံဆွေးနွေးမှု မရှိတာ ဖြစ်ပါတယ်။ လိင်မှုကိစ္စကလည်း နှစ်ဦးသားချစ်ခြင်းကိုမြဲမြံစေတဲ့ အဓိကအကြောင်းအရာတော့ မဟုတ်ပါဘူး။

တစ်ဦးကိုတစ်ဦး လိုလားကြောင်းပြနေဖို့ လိုပါတယ်။ မနက်အိပ်ယာနိုးရင် အတူနမ်းမယ်။ သင် တီဗီကြည့်နေရင် သူကသင့် လက်မောင်းပေါ်မှာ မှီပြီးအိပ်နေမယ်။ နှစ်ဦးသား အကြာကြီးအတူခွဲပြီးရှိမနေဘူး။ ဒါတွေ ချစ်ခြင်းမြဲမြံစေဖို့ အဓိက လက္ခဏာတွေ ဖြစ်ပါတယ်။ ညစာစားပွဲမှာ အနမ်ခြွေဖို့ ဘာကြောင်းပြချက်မှ လိုမယ်မထင်ပါဘူး။ တစ်ချို့က ပြောကြပါလိမ့်မယ်။ အဲဒီလိုလုပ်လည်း ဘာမှထူးမလာဘူးလို့လေ။ ထပ်ကြိုးစားကြည့်ပါ။ နှစ်ဦးသား မခွဲမခွာ အမြဲအတူတူရှိနေခြင်းဟာ ရှည်ကြာစေတဲ့ ချစ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

၂။ မင်းဒီနေ့ လှနေတယ်

များများချီးကျူးပါ။ တစ်ဦးနဲ့တစ်ဦး ချီးကျူးအမွှန်းတင်ခြင်းဟာ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ချစ်သူက ဘယ်နေရမှာ အားသာချက်ရှိလဲဆိုတာ အရင်ကြိုလေ့လာထားပါ။ သူ့ရဲ့အလှနဲ့ ပုံပန်းသွင်ပြင်ကို အခွင့်သင့်တိုင်း အမွှန်းတင်ပေးပါ။ ဒါသာ သူ့ကိုသင်အမြဲဂရုစိုက်နေပြီး လက်မလွှတ်ဘူးဆိုတာကို မပြောဘဲသိစေတဲ့ အချက်ဖြစ်ပါတယ်။

၃။ သူမနဲ့ အပြင်ထွက်ပေးပါ

နှစ်ဦးသား ဆက်ဆံရေး အေးစက်လာတာဟာ တစ်ဦးနဲ့ တစ်ဦး အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ကြားထဲမှာပဲ အချိန်ကုန်လို့လည်း ဖြစ်နိုင်ပါတယ်။ ချစ်ခင်ကြင်နာစက အချိန်တွေကို တွေးကြည့်လိုက်ပါ။ နှစ်ဦးသားအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုကို သွားပြီး ကြည်ကြည်နူးနူးနေပါ။ ချစ်သူနဲ့ ညဘက်ချိန်းတွေ့တာ မကြိုက်တဲ့သူ တော့ရှိမယ်မထင်ပါဘူး။ အလုပ်အရမ်းရှုပ်တယ် ဆိုရင်တောင် တစ်လတစ်ခါလောက်တော့ ဒါမျိုး လုပ်ပေးပါ။

၎။  သင်ရှိနေတာကို သူ ဂုဏ်ယူတတ်ရဲ့လား

သင့်ကိုချစ်တယ်လို့ ဆိုပေမဲ့လည်း သင်ရှိနေတာကို သူ့ကိုယ်သူ ကံကောင်းသူတစ်ယောက်အဖြစ်  မခံစားတတ်တဲ့သူဆိုရင်တော့ သင်ဆုံးရှုံးရမှာ မကြောက်ပါနဲ့။ အကယ်၍များ သူကလူကြားထဲမှာ သင့်လက်ကို ကိုင်ရတာ မသက်မသာဖြစ်နေမယ်ဆိုရင်၊ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေမယ်ဆိုရင် သင်သူ့ကို ထားခဲ့လိုက်ဖို့ ဝန်မလေးပါနဲ့လို့ အကြံပြုပါရစေ။ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးတစ်ခုဟာ တွယ်တာမက်မောမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ဆန္ဒရှိမှုတွေနဲ့ပဲ ရှိနေသင့်တယ်လို့ အကြံပြုထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ