Lifestyle: တက်တူးထိုးထားလို့ ကုမ္ပဏီဝန်ထမ်းတစ်ဦး အလုပ်ထုတ်ခံရ

ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ သူ့လက်မှာတက်တူးထိုးထားကြောင့် ကုမ္ပဏီက သိသွားပြီးတဲ့နောက် အလုပ်ထုတ်ခံလိုက်ရတယ်လို့ လူမှုကွန်ယက် facebook ပေါ်မှာပြောလိုက်ပါတယ်။ တက်တူးထိုးခြင်းဟာ ယနေ့ခေတ်မှာ လူငယ်လူကြီးအကြား ယဉ်ကျေးမှု တစ်ရပ်လို့ဖြစ်လာနေပေမယ့် အချို့သောအဖွဲ့အစည်းကတွေကတော့ ဒါကိုလက်မခံသေးဘူးဆိုတာ သက်သေပြလိုက်တာဖြစ်ပါတယ်။

ဆွမ်ဆီးမြို့မှာ နေထိုင်တဲ့ ကလဲယာရှက်ဖားဆိုသူအမျိုးသမီးဟာ စာရင်းအင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ သူမကို ကုမ္ပဏီကအင်တာဗျူးပြီးနောက် အလုပ်ခန့်လိုက်ပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အလုပ်ထုတ်ခံရတဲ့အကြောင်းအရင်းကို သူမက facebook ပေါ်မှာ အခုလိုဝေမျှခဲ့ပါတယ်။

play

“ ခေတ်နောက်ပြန်ဆွဲနေတဲ့ကုမ္ပဏီတစ်ခုဆီက အီးမေလ်းတစ်စောင် ကျွန်မရခဲ့ပါတယ်။ ကျွန်မမှာ တက်တူးရှိနေတာက ကျွန်မရဲ့အလုပ်ကို မထိခိုက်နိုင်ပါဘူးလို့ သူတို့ကို အီးမေလ်းပို့ပြီး ရှင်းပြခဲ့ပေမယ့်လည်း သူတို့ပြန်ပို့တဲ့ အကြောင်းကြားစာကြောင့် ကျွန်မအံ့အားသင့်သွားပါတယ်။ ကျွန်မကို သူတို့က ဆက်မခန့်နိုင်တော့ဘူးလို့ ဆိုထားပါတယ်။ အလုပ်မှာကျွန်မတာဝန်အမြဲကျေအောင် လုပ်တက်ပြီး အတွေ့အကြုံလည်းရှိထားပြီးသားပါ။ ဒါပေမယ့်ဒီလူတွေဟာ တက်တူးထိုးတဲ့ လူတွေအပေါ် ခွဲခြားဆက်ဆံ တာတွေရှိနေတုန်းပါပဲ” လို့ ကလဲယာက ရေးသားထားပါတယ်။

သူမရဲ့ ပို့စ်ကို ဝေမျှတဲ့ အကြိမ်ရေပေါင်း သုံးထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီဘက်က ကလဲယာကို ဒုတိယအကြိမ်အလုပ်ပြန်လည်လက်ခံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကလဲယာဘက်က ငြင်းဆိုလိုက်ပါတယ်။  

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ