Lifestyle: မွေးကင်းစလေးကို လူစိမ်းများ မနမ်းမိပါစေနဲ့

မွေးကင်းစကလေးငယ်ကလေးကို လာရောက်ကြည့်ရှုတဲ့ဧည့်သည်တွေဆီက ပါလာတဲ့ရေယုန်ရောဂါပိုးမွှား ကူးစက်ခဲ့တာကြောင့် အဆိုပါကလေးငယ်ဟာ အခုအသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိ ရင်ဆိုင်နေရပြီလို့ သူမမိခင်က ပြောလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မိခင်တွေသင်ခန်းစာယူနိုင်ဖို့အတွက် အဆိုပါမိခင်က facebook မှာဝေမျှခဲ့ပါတယ်။

play

 

အင်္ဂလန်မှာနေထိုင်သူ ကလဲယာဟန်ဒါဆင်ဆိုသူ အမျိုးသမီးဟာ ကလေးငယ်မွေးဖွားပြီး တစ်လလောက်အတွင်းမှာပဲ သူ့ဆီကိုကလေးသတင်းလာမေးသူတွေ တဖွဲဖွဲရောက်လာခဲ့ကြပါတယ်။ ကလေးငယ်ကို လာရောက်နှုတ်ဆက်သူတွေထဲက တစ်ဦးမှာ ရေယုန်ရောဂါပိုးပါလာခဲ့ပုံရပြီး ကလေးငယ်ကို နမ်းလိုက်တဲ့အခါ ရောဂါကူးစက်သွားခဲ့ပုံရတယ်လို့ ဆိုပါတယ်။ ကလေးငယ်လာကြည့်ခဲ့သူ ဧည့်သည်ဟာ ရေယုန်ရောဂါပိုးရှိနေခဲ့ပေမယ့် လက္ခဏာပေါ်မလာသေးတဲ့အချိန်မှာ ကလေးငယ်ကို သူကိုယ်တိုင်မသိပဲ နမ်းခဲ့ပုံရပါတယ်။ ဒါကြောင့်အခု ကလဲယာရဲ့ ကလေးငယ်မှာ ရေယုန်အနာတွေပြင်းထန်စွာကူးဆက်ခြင်း ခံနေရပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရလည်း ရေယုန်ဟာ ပါးစပ်ကနေတဆင့်ကူးစက်နိုင်သလို မျက်နှာပြင်ချင်းထိတွေ့မှုကတဆင့်လည်း ကူးဆက်နိုင်တယ်လို့ သိရပါတယ်။

play

 

ရေယုန်အနာတွေကြောင့်ကလေးငယ်ကို ဆေးရုံတင်လိုက်ရချိန်မှာ ဆရာဝန်က ကလေးငယ်ရဲ့ အခြေအနေက အနည်းငယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဒီလိုကိစ္စမျိုးဟာ သာမန်ကြုံတွေ့ရလေ့ရှိတဲ့ ကိစ္စမျိုးမဟုတ်ပေမယ့် ကြုံတွေ့ရတဲ့ကလေးငယ်တွေရဲ့ ကျန်းမာရေးဟာ စိုးရိမ်စရာကောင်းတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်က ဒေါက်တာမာလ်ဒိုနာဒိုက ပြောပါတယ်။ မွေးပြီးတစ်လအတွင်းမှာ အခုလိုဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကလေးငယ်တွေအတွက် အလွန်စိုးရိမ်ဖွယ်ရာကောင်းတယ်လို့ ဒေါက်တာမာလ်ဒိုနာဒိုက ဆိုပါတယ်။ ကလေးငယ်ဘရွတ်ဟာ ကုသမှုခံယူခဲ့ပြီးတဲ့နောက်အခု ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။

play

 

ဒီအဖြစ်အပျက်ကို facebook ပေါ်မှာ ဝေမျှဖို့ သူမရဲ့မိခင်က ဆုံးဖြတ်ခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ