Lifestyle: မက်ဒေါ်နယ်ဆိုင်ဝန်ထမ်းရဲ့ အဘိုးအိုပေါ်ထားတဲ့ ဂရုဏာ

မက်ဒေါ်နယ်စားသောက်ဆိုင်မှာတစ်ခါမှ မမြင်ဖူးတဲ့ တစ်စိမ်းတစ်ဦးအပေါ် အချိန်ကုန်ခံကိုယ်ကျိုး စွန့်ပြီး ကူညီပေးခဲ့တဲ့လူတစ်ယောက်အကြောင်းကို ရေးသားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ပို့စ်ဟာ အခုဆိုရင် share လုပ်ခြင်းခံရတဲ့ အကြိမ်ရေပေါင်း သုံးသိန်းနီးပါးရှိသွားပြီဖြစ်ပါတယ်။

တစ်ရက်မှာ သူမမက်ဒေါ်နယ်စားသောက်ဆိုင်မှာ မုန့်တွေမှာယူဖို့အတွက်တန်းဆီနေတုန်း ဘေးမှာရှိနေတဲ့ အဘိုးအိုက ဝန်ထမ်းတွေဆီက အကူအညီတစ်ခုရယူဖို့ ပြောနေသံသူကြားလိုက်ပါတယ်။ သူဟာ တွန်းလှည်းပေါ်မှာ နေရသူဖြစ်ပြီး အစားအသောက်ကို သူကိုယ်တိုင်ကိုင်တွယ်စားသောက်ဖို့ ခက်နေပါတယ်။ မက်ဒေါ်နယ်ဆိုင်မှာ လူကျနေချိန်ဖြစ်လို့ ဝန်ထမ်းတွေကလည်း ဒီအတွက်ဝန်ဆောင်မှု မပေးနိုင်သေးတဲ့အချိန်ဖြစ်ပါတယ်။

play

ချက်ခြင်းဆိုသလိုပဲ ဝန်ထမ်းအမျိုးသားတစ်ဦးက သူ့ရဲ့ အလုပ်ဆင်းချိန်စာရင်းကို ပယ်ဖျက်ခံလိုက်ပြီးတော့ မြင်ကွင်းက ပျောက်ကွယ်သွားပါတယ်။ အမှန်တော့ အဆိုပါအမျိုးသားက လက်တွေကို သွားပြီးဆေးကြာကာ လက်အိတ်ဝတ်လာပြီး ဘေးနားမှာ အစာစားဖို့ခက်နေတဲ့ အဘိုးအိုကို ကူညီပေးခဲ့တာာဖြစ်ပါတယ်။ တွန်းလှည်းပေါ်က အဘိုးအိုဟာ ဒီအမျိုးသားရောက်လာမှ အစားကို ကောင်းကောင်းစားနိုင်ခဲ့ပါတယ်။ အဘိုးအိုကို ကြင်ကြင်နာနာနဲ့ အစားအသောက်တွေ ကျွေးနေပုံဟာ ဆိုင်ထဲမှာရှိတဲ့သူအားလုံးကို မချီးကျူးပဲ မနေနိုင်အောင်ဖြစ်စေခဲ့ပါတယ်။

ဒီဝန်ထမ်းရဲ့ အပြုအမူအတွက် အသိအမှတ်ပြုပေးကြရအောင်လို့ သူမကရေးသားတဲ့အခါ share အကြိမ်ရေး သုံးသိန်းနီးပါးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ