Lifestyle: တစ်ဦးတည်းသမီးဖြစ်ရခြင်းရဲ့ ကောင်းကျိုးများ

ကျွန်မဟာ မိသားစုမှာ တစ်ဦးတည်းသော သမီးပါလို့ ပြောလိုက်တိုင်းသူငယ်ချင်းတွေက သနားတဲ့မျက်လုံး၊ စာနာတဲ့မျက်လုံးတွေနဲ ကြည့်တက်ကြပါတယ်။ တစ်ဦးတည်းသားသမီးဖြစ်ရတဲ့အတွက်နောက်ထပ် မောင်နှမတွေ မလိုချင်ဘူးလားလို့လည်း ကျွန်မကို မေးလေ့ရှိကြတယ်။ တစ်ဦးတည်းသားသမီး ဖြစ်ရတဲ့အတွက် လိုချင်တာတွေကို မိဘဆီကအလွယ်တကူရနိုင်တယ်လို့လည်း တွေးကြတယ်။ တဖက်မှာလည်း အိမ်အပြင်ကို ခဏခဏထွက်ခွင့်မရပဲ ချုပ်ချယ်ခံရမယ်လို့ ထင်တက်ကြပါတယ်။

တစ်ဦးတည်းသားသမီး ဖြစ်ရတဲ့အတွက် ကောင်းတဲ့အရာတွေ များစွာရှိနေတက်ပါတယ်။ ကျွန်မအတွေ့အကြုံ အရတော့ အဲဒါတွေက ဒီမှာပါ။

၁။ မိဘများနှင့် ပိုမိုနီးကပ်စွာ နေရခြင်း

တစ်ဦးတည်းသားသမီးဖြစ်ရတဲ့အတွက် ကောင်းတဲ့အချက်ကတော့ အဖေ၊ အမေတွေနဲ့ နီးနီးကပ်ကပ် ပိုနေခွင့်၇တာပါပဲ။ အဖေ၊အမေနှစ်ယောက်လုံးနဲ့ နီးနီးကပ်ကပ်ရှိနေနိုင်ခဲ့တာ ကျွန်မအတွက် အားသာချက်ဖြစ်ပါတယ်။

 တစ်ဦးတည်းသားသမီး ဖြစ်ရတဲ့အတွက် ရလာတဲ့အကျင့်က ဘယ်သူ့ဆီကမဆို အကြံဥာဏ်ရတက်တာပဲ ဖြစ်ပါတယ်။ (ယောက်ျားလေးတွေကတော့ သမီးတွေဟာ အမေတွေနဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ထင်တက်ကြတယ်)

မိဘတွေက တစ်ဦးတည်းရှိတဲ့ကျွန်မကို တက်နိုင်သမျှ ထောက်ပံ့ပေးနိုင်သလို ကျွန်မလုပ်တဲ့အရာတွေပေါ်လည်း နားလည်ပေးတက်ကြတယ်။ ကြာလာတဲ့အခါ မိဘတွေဟာ မိဘထက် သူငယ်ချင်းတွေလိုတောင် ဖြစ်လာပါသေးတယ်။ အရိုးသားဆုံးဝန်ခံရရင် ကျွန်မမှာ မွေးချင်းမောင်နှမများ ရှိခဲ့ရင် မိဘတွေနဲ့ ဒီလိုရင်းနှီးစွာ ရှိနိုင်ပါ့မလားလို့ တွေးမိပါတယ်။ တစ်ဦးတည်းသမီးဖြစ်ရတဲ့အတွက် လိုချင်တာအကုန်လုံးမိဘတွေက လုပ်ပေးခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ဦးတည်းသမီးဖြစ်ရတာ အကောင်းဆုံးအချက်ကတော့ မိဘတွေနဲ့ ပိုပြီးရင်းရင်းနှီးနှီးနေနိုင်တာပါပဲ။

play

 

၂။ တစ်ယောက်တည်းနေတက်ခြင်း

တစ်ဦးတည်းသားသမီးတွေက တစ်ယောက်တည်းဖြစ်တဲ့အခါ ဘယ်လိုနေရမလဲသိပါတယ်။ ဒါက အရေးကြီးတယ်ဆိုတာ ကျွန်မလည်း မကြာခင်ကမှ သိတာပါ။ ကျွန်မကလည်း သူငယ်ချင်းတွေမအားတဲ့အခါ အပြင်ထွက်ချင်ပြီး အကုန်အပြင်ထွက်ကြတဲ့အခါ အိမ်မှာ ဂိမ်းထိုင်ဆော့နေတက်သူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းနေရတာ ကျွန်မမကြောက်ပါဘူး။

ကျောင်းမှာလည်း သူငယ်ချင်းအများစုနဲ့ ရင်းနှီးခဲ့တာမျိုးမရှိခဲ့တဲ့အတွက် ကျွန်မရဲ့ အားလပ်ရက်တွေကို ကျွန်မအပြည့်အဝပိုင်ဆိုင်ခဲ့တယ်။ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ကျွန်မကိုယ်တိုင်စီမံနိုင်ခဲ့တယ်။ မွေးချင်းမရှိတဲ့ကြားထဲက သူငယ်ချင်းအများစုနဲ့လည်း နီးနီးကပ်ကပ်မနေနိုင်ခဲ့လို့ ကျွန်မမှာ အချိန်တွေပိုလာခဲ့တယ်။ တက်စရာသင်တန်းတွေ၊ ဖတ်စရာစာအုပ်တွေ ရှိလာခဲ့ရင်း ပျော်စရာကောင်းခဲ့တယ်။ ကိုယ့်တစ်ယောက်တည်း ပျော်အောင်မနေတက်ရင် အခြားသူတွေနဲ့ ဆက်ဆံရေးမှာလည်း အဆင်ပြေဖို့ မလွယ်လှပါဘူး။

၃။ အပျိုဖြစ်ကြောင်း မိသားစုကို ပြောရတာလွယ်ကူခြင်း

မွေးချင်းတွေရှိနေရင်တောင် ကိုယ်အပျိုဖြစ်လာပြီဆိုတာ မိသားစု(အထူးသဖြင့်အမေ) နဲ့တိုင်ပင်ဖို့ အခက်တွေ့နေဦးမှာပါ။ တစ်ဦးတည်းသမီးဖြစ်တဲ့အတွက် အမေ၊အဖေနဲ့ လွတ်လွတ်လပ်လပ် တိုင်ပင်ခွင့် ရခဲ့တယ်။ အမှန်တော့ ဒီကိစ္စမှမဟုတ်ပါဘူး။ နိုင်ငံရေးအကြောင်၊ ဂီတအကြောင်း အဖေ၊အမေတို့နဲ့ ကျွန်မအမြဲတမ်း လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခဲ့တယ်လေ။

ကောလိပ်တက်ခဲ့တဲ့အချိန်ကလွဲလို့ ကိုယ့်အိပ်ယာကိုလည်း ဝေမျှသုံးခဲ့ရတာမျိုးမရှိဘူး။ ကိုယ့်ပစ္စည်းငှားရတာ မကြိုက်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ တစ်ယောက်တည်း ဘယ်လိုနေရမလဲဆိုတာ သိတယ်ဆိုတာကလည်း လူတွေနဲ့ အပြင်မှာပြောဆိုဆက်ဆံရတာကို မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး မလား။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ