Lifestyle: အရပ်ပုရှည်တာပိုကောင်းသလား၊ ပုတာပိုကောင်းသလား

အရပ်ရှည်တာပိုကောင်းသလား၊ ပုတာ ပိုကောင်းသလားဆိုတာ သိချင်ပါသလား။

အေဗရာဟင်လင်ကွန်းဟာ အရပ် ခြောက်ပေသုံးလက်မရှည်ပြီး လက်ရှိသမ္မတ အိုဘာမားထက်လည်း အရပ်ပိုရှည်ပါတယ်။ လင်ကွန်းအရပ်ဟာ အမေရိကန်တွေပျှမ်းမျှအရပ်ထက် သုံးလက်မလောက်ပိုရှည်တဲ့သဘောပါ။

play

 

မကြာသေးခင်က တွေ့ရှိချက်တွေအရတော့ အရပ်ရှည်သူတွေဟာ နိုင်ငံရေးမှာ မဲပိုရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတက်ပါတယ်။ အိမ်ဖြူတော်မှာရှိခဲ့တဲ့ အရာရှိခေါင်းဆောင်တွေထဲမှာလည်း အရပ်ပိုရှည်သူတွေက ပိုဥာဏ်ကောင်းသူတွေ၊ ပိုကျန်းမာသူတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်ပကမ္ဘာမှာဆိုရင်လည်း အရပ်ပိုရှည်သူတွေက ပိုကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရကြသလို ပိုက်ဆံလည်း ပိုရှာနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရပ်အမောင်းဆိုတာ ငယ်စဉ်ကလေးဘဝမှာ ရခဲ့တဲ့ အားဖြည့်အဟာရနဲ့ အဓိကသက်ဆိုင်ပါတယ်။ အဲဒီအားဖြည့်အဟာရတွေက ကလေးငယ်တွေကို လူကြီးဖြစ်လာတဲ့အခါ ဥာဏ်ပိုကောင်းသူတွေ၊ အောင်မြင်သူတွေဖြစ်လာအောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် အရပ်ရှည်သူတိုင်းတော့ အောင်မြင်သူမဟုတ်သလို အရပ်ပုသူတိုင်း မအောင်မြင်နိုင်ဘူးလို့ မဆိုနိုင်ပြန်ပါဘူး။ ဝင်စတန်ချာချီ၊ မာတင်လူသာကင်း တို့ဟာ အရပ်ပုသူတွေပါ။ ဒါပေမယ့် အရပ်ရှည်သူတွေက ပိုပြီးထင်သာမြင်သာရှိသလို အသာစီးရတာတွေလည်း ပိုများလေ့ရှိပါတယ်။

အရပ်ရှည်သူအမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဆန့်ကျင်ဘက်လိင်ကို ပိုစွဲဆောင်နိုင်ကြောင်းလည်း လေ့လာချက်တစ်ရပ်က ဆိုထားပြန်ပါတယ်။ ဒါပေမယ့် ဖူးစာဖက်ရှာတဲ့ ဝက်ဆိုက်တွေမှာတော့ အရပ်ရှည်သူ အမျိုးသားများက အားသာချက်ပိုရှိပြီး အရပ်ရှည်သူအမျိုးသမီးတွေက သိပ်စွံလေ့မရှိပါဘူး။ ဒါပေမယ့် လေ့လာသမျှ အချက်အလက်တိုင်း လူတိုင်းအတွက် မှန်ကန်နေမှာတော့ မဟုတ်ပါဘူး။

အားကစားနယ်ပယ်မှာဆိုရင်လည်း အရပ်ရှည်သူတွေက ပိုအသာရပြန်တယ်လို့ဆိုပါတယ်။ ဘတ်စကတ်ဘော ကာနည်းမှာဆိုရင် ခြေထောက်ရှည်ရှည်ရှိသူတွေက ပိုအသာရတယ်ဆိုတာတွေ့နိုင်ပါတယ်။ အမေရိကန်ဘောလုံးမှာဆိုရင်လည်း အရပ်ရှည်တာက တပန်းသာလေ့ရှိပါတယ်။

တစ်ခါတစ်ရံမှာလည်း အရပ်ပုခြင်းက ပိုအားသာတာမျိုးတွေရှိပါတယ်။ အရပ်ပုသူတွေအတွက် အာရုံကြောကို သတိပေးမှုပိုမိုမြန်ဆန်တက်ပြီး လှုပ်ရှားမှု ပိုသွက်လက်စေပါတယ်။ ဒါကိုဟောင်ကောင်အက်ရှင်မင်းသား ဂျက်ကီချမ်းဆီမှာ တွေ့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ