Lifestyle: မင်္ဂလာဝတ်စုံတစ်ထည်ကို သတို့သမီး ၁၁ ဦးလက်ဆင့်ကမ်း

အက်ဘီကင်စတန်တစ်ယောက မင်္ဂလာဆောင်ခဲ့တုန်းက သူ့အတွက်သတို့သမီးဝတ်စုံကို ဘယ်လိုပုံချုပ်ရမလဲ ဆိုတာ ခေါင်းရှုပ်ခံ စဉ်းစားစရာမလိုခဲ့ပါဘူး။ သတို့သမီးအတော်များများကတော့ မင်္ဂလာဆောင်မှာ ဘယ်လို ဝတ်စုံဝတ်ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီးအတော်လေး အလုပ်ရှုပ်ကြရပါတယ်။

play
play

 

အက်ဘီဟာ သူမမိသားစုမှာ အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ သတို့သမီးဝတ်စုံကို သူမမင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ သူမဝတ်ခဲ့တဲ့ မင်္ဂလာဝတ်စုံကို သူမအဖွားရဲ့ အဖွားဖြစ်သူ မာရီလော်ရီကလည်း ၁၈၉၅ ခုနှစ်သူမ မင်္ဂလာပွဲတုန်းက ဝတ်ဆင်ခဲ့ဖူးပါတယ်။ သူမဟာ ဒီသတို့သမီးဝတ်စုံကို ဝတ်ဆင်ခဲ့ရတဲ့ ၁၁ ယောက်မြောက်သတို့သမီးဖြစ်လာပါတယ်။ သူမတို့ ဆွေစဉ်မျိုးဆက် ရိုက်ထားခဲ့တဲ့ မင်္ဂလာဆောင်ဓါတ်ပုံတွေထဲမှာ သတို့သမီးတွေက ဒီဝတ်စုံနဲ့ချည်းသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စဝတ်ခဲ့တဲ့ လောရီရဲ့ သမီးဟာ ဒီသတို့သမီးဝတ်စုံကို မဝတ်ချင်ခဲ့တာကြောင့် ဒီဝတ်စုံအတွက် သတို့သမီးနောက်တစ်ဦးပေါ်ဖို့ နှစ်ငါးဆယ်လောက် စောင့်ခဲ့ရဖူးပါတယ်။ နှစ်ပေါင်း ငါးဆယ်ကြာခဲ့ပြီးနောက် လောရီရဲ့ မြေးဖြစ်သူက ဒီသတို့သမီးဝတ်စုံကို ဒုတိယမြောက်ဝတ်ဆင်သူ ဖြစ်လာပါတယ်။

play
play

 

ဆွေစဉ်မျိုးဆက် ဝတ်ဆင်ခဲ့ကြတဲ့ ဒီသတို့သမီးဝတ်စုံကို ပြုပြင်ပြောင်းလဲမှု တွေလည်း လုပ်ခဲ့ရပါတယ်။ လော်ရီ ဝတ်ခဲ့တုန်းက သူ့ခါးနံပတ် ၁၈ အတိုင်းဖြစ်အောင်ချုပ်ထားခဲ့လို့ နောက်ပိုင်းတွေမှာ အနည်းငယ် ပြင်ဆင်မှုတွေ လုပ်ခဲ့ရတာပါ။

play
play

 

ဝတ်စုံကို ကြီးကြီးမားမား ပြောင်းလဲခဲ့ရတာ နှစ်ကြိမ်ရှိခဲ့ပြီး နောက်ပိုင်းနှစ်တွေကျတော့ ဝတ်စုံရှေ့မှာ ဇာတပ်ပြီး ဝတ်ဆင်ခဲ့ကြပါတယ်။ အခုနောက်ဆုံး ဝတ်ဆင်ခဲ့တဲ့ အက်ဘီအလှည့်မှာလည်း သတို့သမီးဝတ်စုံကို ခေတ်နဲ့ လျော်ညီအောင် ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ