Lifestyle: လမ်းခွဲပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

ချီကာဂိုမြို့ရဲ့ ဆောင်းအလွန်နွေအကူး ကာလာကိုရောက်ခဲ့တဲ့အချိန်တုန်းက ကျွန်မသူငယ်ချင်းတွေနဲ့ ပျော်ခဲ့တယ်။ မိသားစုနဲ့ ပျော်ခဲ့တယ်။ ချစ်သူကောင်လေးနဲ့ ပျော်စရာအချိန်တွေရှိခဲ့တယ်။ ဒါပေမယ် အဖြစ်အပျက်တွေဟာ မထင်ထားလောက်အောင် လျှင်လျှင်မြန်မြန်ဖြစ်သွားခဲ့တယ်။

မေလလယ်မှာ ကျွန်မချစ်သူက ကျွန်မကို အကြောင်းပြချက် မပေးပဲရုတ်တရက် အဆက်ဖြတ်သွားခဲ့တယ်။ ကျွန်မနေမကောင်းဖြစ်ခဲ့တယ်။ မစားနိုင်၊ မသောက်နိုင်ဘာမှကို မလုပ်နိုင်ဖြစ်ခဲ့ရတယ်။ အချိန်တိုင်းနာရီတိုင်း သူနဲ့ရှိခဲ့တာတွေ၊ ပျော်ခဲ့ဖူးတာတွေ ပြန်တွေးရင်း ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကို အဖြေရှာနေမိခဲ့တယ်။ ဒါပေမယ့် အဖြေက ထွက်မလာခဲ့ဘူး။ သူနဲ့ပြတ်ပြီး တစ်လလောက်ကြာတော့ သူငယ်ချင်းတွေက ကျွန်မကို လာခေါ်တယ်။ ကိုယ့်ကိုကိုမညှင်းဆဲနေဖို့ လုပ်ချင်တောတွေလုပ်ဖို့၊ သွားချင်တဲ့နေရာတွေသွားဖို့ ပြောကြတယ်။ သူငယ်ချင်းတွေနဲ့ ရှိလိုက်ရတဲ့အတွက် နည်းနည်းသက်သာသွားသလို ရှိခဲ့ပေမယ့် ရင်ထဲကတော့ နာကျင်နေတုန်းပဲ။ သူငယ်ချင်းတွေနဲ့ ဖျော်ဖြေပွဲသွားကြည့်တဲ့ညက တစ်နာရီလောက်နေတော့ အသက်ဝအောင် ရှုဖို့ကျွန်မအပြင်ထွက်ခဲ့လိုက်တယ်။

play

 

ကြည့်စမ်းပါဦး။ အရမ်းလှတဲ့ ချီကာဂိုမြို့ရဲ့ ညဘက်အလှကို မြင်နေရတာပဲ။ သူငယ်ချင်တွေနဲ့ ဝိုင်သောက်တယ်။ သီချင်းနားထောင်တယ်။ နွေကလည်း စနေပြီလေ။ ဘဝက သူမရှိလည်း ကောင်းကောင်းနေလို့ရတာပဲဆိုတာ သဘောပေါက်လာတယ်။

သူနဲ့ပျော်ခဲ့ဖူးတဲ့အချိန်တွေအကြောင်း တစ်ချက်တစ်ချက်ခေါင်းထဲရောက်လာခဲ့ပေမယ့် ကိုယ့်တစ်ယောက် တည်းပျော်အောင်နေဖို့ ဆုံးဖြတ်လိုကတယ်။ တစ်သက်လုံးနေလာခဲ့တဲ့ ချီကာဂိုမြို့ထဲမှာ ကျွန်မတို့အခုမှပဲ ခရီးသွားတွေဖြစ်လာခဲ့ကြတော့တယ်။ မြို့အနှံ့လျှောက်သွားလိုက်တယ်လေ။ သူငယ်ချင်းတွေနဲ့ ဘာလုပ်မယ် ဘယ်သွားမယ် အစီအစဉ်တွေဆွဲတယ်။ အဆက်အသွယ်ပြတ်နေတဲ့သူတွေနဲ့ ထိတွေ့တယ်။ တစ်ခါတစ်လေ ကိုယ့်တစ်ယောက်တည်း နေပြစ်လိုက်တယ်။

နွေရာသီတစ်ခုလုံးကို အကောင်းဆုံးဖြစ်အောင် နေပစ်လိုက်တယ်။ ကျွန်မသူ့အပေါ် တစ်ရာရာခိုင်နှုန်း မေ့ပစ်နိုင်ပြီလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးခဲ့တယ်။ ရာနှုန်းပြည့်တော့ မမေ့နိုင်သေးဘူး။ ဒါပေမယ့် နောက်မှာ ကြုံရမယ့်အရာတွေအတွက်တော့ ကျွန်မအဆင့်သင့်ဖြစ်နေခဲ့ပြီလေ။ ပိုကောင်းတဲ့အရာတွေဖြစ်မလားဆိုတာ မျှော်နေတက်ပြီ။

ဒီလိုအခြေအနေကြုံရတဲ့အခါ ဖြစ်သမျှ အမြန်ဆုံးမေ့ပစ်ဖို့ကြိုးစားပြီး ကိုယ့်ကိုယ်ကိုသာ အဆင်ပြေအောင် နေပစ်လိုက်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ