Lifestyle: မှတ်ဥာဏ်ကောင်းဖို့ လေ့ကျင့်ခန်း (၅) ခု

, updated

မှတ်ဥာဏ်ကောင်းဖို့ဆိုတာ မွေးရာပါ အရည်အသွေးရှိမှမဟုတ်ပဲ လေ့ကျင့်ယူလို့လည်း ရပါတယ်။

play

အချို့သောအရာတွေ ကျွမ်းကျင်တက်မြောက်ဖို့အတွက် ပညာအရည်အချင်း၊ စွမ်းဆောင်ရည်၊ ပင်ကို ထူးချွန်မှု စတာတွေမလိုအပ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်မှုကတော့ မဖြစ်မနေလိုအပ်ပါလိမ့်မယ်။

အရွယ်ရောက်နေတဲ့ လူသားတစ်ယောက်အတွက် မှတ်ဥာဏ်ဟာ သိပ်ကိုအရေးပါတဲ့အရာဖြစ်ပါတယ်။ သင်ယူတက်မြောက်မှုအလွယ်တကူဖြစ်စေဖို့နဲ့အတူ အခြားသောအကြောင်းအရာ များစွာမှာ အကျိုးပြုစေဖို့ မှတ်ဥာဏ်ကောင်း လိုအပ်ပါတယ်။ ကြီးပြင်းလာတဲ့ပုံစံမတူကြသလို တစ်ချို့က မှတ်ဥာဏ်ကောင်းပြီး တစ်ချို့ မှတ်ဥာဏ်ကောင်းဖို့ ကြိုးစားယူရတာရှိပါတယ်။

သင့်မှတ်ဥာဏ်ကောင်းဖို့ အောက်ပါအချက်တွေကို လိုက်နာကြည့်လိုက်ပါ။

၁။ မှန်းဆပြီး ဖြေကြည့်ပါ။

play

 

သင့်မှတ်ဥာဏ်ထဲမှာ စာလုံးတစ်လုံးကို အမြဲမှတ်မိနေစေဖို့ အကောင်းဆုံးနည်းလမ်းက အဲဒီစာလုံးရဲ့ အဓိပ္ပယ်ကို မသိသေးခင် မှန်းပြီးဖြေကြည့်လိုက်ပါ။ နာမည်တစ်ခုအတွက်လည်း အဲဒီလိုပါပဲ။ လူတစ်ဦးနဲ့ ပထမဆုံးတွေ့ချိန်မှာ စိတ်ထဲကဖြစ်ဖြစ် နာမည်ကိုမှန်းပြီးပြောကြည့်လိုက်ပါ။ နောက်တစ်ခါဆိုရင် သင့်အနေနဲ့ နာမည်အမှန်၊ အဓိပ္ပါယ်အမှန်တွေကို အမြဲအမှတ်ရနေပါလိမ့်မယ်။

၂။ ထပ်ခါထပ်ခါ လုပ်ကြည့်ပါ။

play

 

ထပ်ခါထပ်ခါ လုပ်ခြင်းကလည်း မှတ်ဥာဏ်ကောင်းနေစေဖို့ တွန်းအားပေးတဲ့ အဓိကအရာဖြစ်ပါတယ်။ ထပ်ခါထပ်ခါ မှတ်မိအောင် အထပ်ထပ်ရွတ်ဖတ်နေခြင်းက သင့်အတွက် အလေ့အကျင့်ဖြစ်စေပါလိမ့်မယ်။

၃။ လင်္ကာကဗျာလေးတွေ ဖန်တီးပါ။

ငယ်ငယ်က စာသင်ခန်းထဲမှာ မဖြစ်မနေ မှတ်ထားဖို့လိုတဲ့ ညီမျှခြင်းတွေ၊ အဓိပ္ပယ်တွေကို သံတူကြောင်းကွဲ ကဗျာတွေ၊ လင်္ကာတွေစပ်ပြီး သင်ခဲ့ဖူးကြပါလိမ့်မယ်။ လက်တွေ့ဘဝမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ဖန်တီးနိုင်ပါတယ်။ အဲဒီအလေ့အကျင့်က ကမ္ဘာကြီးအကြောင်းကို သင်ပိုသိပြီး သင့်ရဲ့မှတ်ဥာဏ်တိုးတက်မှုကို အထောက်အကူဖြစ်စေတာ သေချာလှပါတယ်။

၎။ နားနားပြီးလေ့လာပါ။

play

 

တစ်ချိန်တည်း အားလုံးစုပြုံပြီး လေ့လာစရာမလိုပါဘူး။ လူသားတွေမှာ မှတ်ဥာဏ်တွေ သိမ်းဆည်းထားဖို့ မယုံနိုင်လောက်စရာ နေရာတွေရှိပါတယ်။ ကွန်ပျူတာတွေလို တကူးတကမှတ်ဥာဏ်ထည့်စရာ မလိုပါဘူး။ အခန်းလွတ်တစ်ခန်းထဲမှာ ပန်းချီကားတစ်ချပ်ပဲသင်တွေ့ရင် အဲဒီပန်းချီကားကို သင်တော်တော်နဲ့ မေ့မှာမဟုတ်တော့ပါဘူး။

၅။ အေးအေးလူလူ အလုပ်လုပ်ပါ။

မှတ်ဥာဏ်ကောင်းနေစေဖို့ အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အနားယူသင့်ချိန်မှာ အနားယူပါ။ အနားယူတာဟာ သင့်ဦးနှောက်အတွက် အားဆေးလည်းဖြစ်ပါတယ်။ သင့်ကို ဦးနှောက်က အချိန်ကြာကြာ အလုပ်လုပ်နိုင်ဖို့ အနားယူဖို့ လိုပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ