Lifestyle: ကျန်းမာတဲ့လူသားတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လိုက်နာကြည့်ပါ။

ကျန်းမာစွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ သင့်အနေနဲ့ ယောဂလုပ်ဖို့လည်း အချိန်မရှိသလို တစ်နေ့ကို သုံးနာရီလောက် လေ့ကျင့်ရေးခန်းမမှာ အချိန်မပေးနိုင်ဘူးဆိုတာလည်း ကျွန်တော်တို့ နားလည်ထားပါတယ်။ သင့်ရဲ့နေထိုင်စားသောက်ပုံကိုလည်း ပြန်စဉ်းစားကြည့်လိုက်ပါဦး။ သင်နောက်ဆုံးစားသောက်ခဲ့တဲ့ အစားသောက်ကိုပဲ ပြန်စဉ်းစားကြည့်လိုက်ပါဦး။ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားလို့။

အခုပြောပြမယ့် နည်းလမ်းတွေက သာမန်နေထိုင်စားသောက်မှုပုံစံထဲမှာပဲ အချိန်မကုန်ပဲ လုပ်သွားလို့ရတဲ့ အရာတွေဖြစ်ပြီး အာမခံနိုင်တာကတော့ သင့်ကျန်းမာရေးအတွက် သေချာပေါက် အထောက်အကူဖြစ်မယ် ဆိုတာပါပဲ။

play

 

၁။ ဆီပြန်ဟင်းတွေကို ရှောင်ပါ

သင်စားသမျှတွေအကုန်လုံး မချက်ပြုရသေးတဲ့ အစိမ်းတွေဖြစ်ရမယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ အများအားဖြင့်တော့ အဆီနည်းတဲ့ အစားအစာတွေကို စားသင့်ပါတယ်။ ဒါဟာသင့်အတွက် သိပ်ခက်ခဲမယ့် အရာတော့ မဟုတ်ပါဘူး။ အရွက်များများစားပေးပါ။ ကိတ်မုန့်တွေ ရေခဲမုန့်တွေလည်းသင်စားနိုင်ပါတယ်။ မျှတစွာ စားဖို့အရေးကြီးတာပါ။

၂။ တက်နိုင်သမျှ လမ်းလျှောက်ပါ။

အိုလံပစ်ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့အပြေးသမားလိုမျိုး သင်လေ့ကျင့်ခန်းလုပ်စရာမလုပ်ပါဘူး။ ပျင်းနေတာကို နည်းနည်းလျှော့ပါလို့ ဆိုချင်တာပါ။ အလုပ်ကပြန်တဲ့အခါ၊ အလုပ်ကိုသွားတဲ့အခါ တက်နိုင်သလောက် လမ်းလျှောက်ပေးပါ။ နောက်နှစ် ၂၀ ကြာတဲ့အခါ လမ်းလျှောက်ခဲ့တာကို သင်ပြန်ပြီးကျေးဇူးတင်နေပါလိမ့်မယ်။

၃။ သောက်တာကိုလျှော့ပါ

ဆရာဝန်က ခင်ဗျားဘယ်လောက်သောက်တက်လဲလို့ မေးတဲ့အခါ ကျွန်တော်သူငယ်ချင်းတွေနဲ့ တွေ့မှ သောက်တာလို့ ဖြေကောင်းဖြေပါလိမ့်မယ်။ တစ်ပတ်တစ်ရက်သောက်ရင်တောင် သောက်ပုံသောက်နည်းကွာပြီး သင့်ခန္ဓာကိုယ်အတွက် ထိခိုက်မှုရှိပါတယ်။ သောက်တာလျှော့ရင် သင့်ပိုက်ဆံအိတ်လည်း ဖောင်းနေမှာပေါ့။

၎။ နေ့လည်စာ ထမင်းဘူးထည့်သွားပါ။

နေ့လည်စာကို ဖြစ်သလိုပဲ ဟမ်ဘာဂါဝယ်စားလိုက်၊ သရေစာဝယ်စားလိုက် လုပ်နေတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ စဉ်းစားကြည့်ပါ။ ထမင်းဘူးထည့်သွားဖို့ မပျင်းပါနဲ့တော့။ အိမ်ကထမင်းဘူး ထည့်သွားပါ။

၅။ ခရီးထွက်ပါ။

ဒါတော့ အားလုံးကြိုက်တဲ့အချက်ပါပဲ။ နေထိုင်မကောင်း မအီမသာဖြစ်နေတဲ့ရက်တွေကို ထားခဲ့ပြီး တက်နိုင်ရင် ခရီးထွက်ပေးပါ။

၆။ အဆိုးမြင်စိတ်တွေ မမွေးနဲ့

အဆိုးမြင်စိတ်ကလည်း လူရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၈။ မပြေမလည် ဆက်ဆံရေးကနေ ရုန်းထွက်ပါ

ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ချစ်သူရည်းစား ဆက်ဆံရေးမျိုး ရှိနေပါသလား။ ဒါမှမဟုတ် အပါင်းအသင်းဆက်ဆံရေးမျိုး ရှိနေပါသလား။ ချက်ခြင်းထွက်လာလိုက်ပါ။

၈။ နည်းပညာနဲ့ ဝေးဝေးနေပါ။

အားတဲ့အချိန်တွေဆို တက်နိုင်သလောက် ဖုန်းတွေ၊ လက်ပ်တော့တွေမသုံးပါနဲ့။ ဒါပေမယ့် ဒီနေ့ကမ္ဘာကြီးကလည်း နေရာတကာနည်းပညာနဲ့ ပြည့်နေတော့ ခက်ပါတယ်။ ဒါပေမယ့် တက်နိုင်သလောက် ရှောင်ကြည့်ပါ။]

၉။ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်လို့ရတဲ့နေရာတွေရွေးပါ။။

ခြေလျင်ခရီးထွက်တာမျိုးဖြစ်ဖြစ်၊ ကမ်းခြေသွားတာမျိုးဖြစ်ဖြစ်လုပ်ပါ။ သင်ဦးနှောက်ပိုပွင့်လာပါလိမ့်မယ်။

၁၀။ စာများများဖတ်

သင်စိတ်ဝင်စားတဲ့အကြောင်းအရာပဲဖြစ်ဖြစ်၊ လေ့လာချင်တဲ့အကြောင်းအရာပဲ ဖြစ်ဖြစ် စာအုပ်တွေထဲမှာ ရှိပါတယ်။ သင်စာအုပ်တွေနဲ့ အချိန်ကုန်တာက ပိုအကျိုးရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ