Lifestyle: အသက် ၂၀ အရွယ်က တွေးခဲ့ဖူးတဲ့ အတွေးမှားများ

ယနေ့ လုပ်ငန်းခွင်ထဲမှာ အတန်အသင့်ခရီးရောက်နေသူအတော်များများ အသက် ၂၀ အရွယ်ကို ဖြတ်ကျော်ခဲ့ဖူးကြလောက်ပြီ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်တုန်းက တွေးခဲ့တာနဲ့ တကယ်တမ်းအပြင်လောကဟာ သိပ်ကွာခြားလွန်းနေတာ အားလုံးလည်း တွေ့ဖူးခဲ့ကြပြီဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့မှာ ဘယ်လိုအတွေးမှားတွေ ရှိခဲ့ဖူးလဲ ဆိုတာ ပြန်တွေးကြည့်ကြရအောင်ပါ။

၁။ ပညာကောင်းကောင်းသင်ပြီး ထူးချွန်ရင် အောင်မြင်မယ်လို့ ထင်ခဲ့ဖူးတယ်

ကျွန်တော်တို့အားလုံး ဒီလိုတွေးခဲ့ဖူးကြပါလိမ့်မယ်။ အတန်းထဲမှာ အမှတ်ကောင်းရင် စာတော်ရင် အပြင်လောကမှာ အောင်မြင်မယ်လို့လေ။ လူမှုဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ဘာကိစ္စဘယ်သူ့ကို မေးရမယ်ဆိုတာ လုပ်ငန်းခွင်ထဲရောက်မှ ကျွန်တော်တို့သင်ယူရတာတွေဖြစ်ပြီး အဲဒါတွေက အောင်မြင်ဖို့ အခြေခံကျတာတွေဖြစ်နေပါတယ်။

၂။ ပိုက်ဆံရှိရင်ပျော်ရမယ်လို့ ထင်ခဲ့တယ်။

အလုပ်တွေလုပ်ပြီး ပိုက်ဆံတွေရှိရင် အမြဲပျော်စရာကောင်းမယ်လို့ ထင်ခဲ့ကြတယ်။

၃။ ကျန်းမာရေးကို ဂရုမစိုက်ခဲ့ကြဘူး

ကျန်းမာရေးက အရေးမကြီးဘူးလို့ အသက် ၂၀ အရွယ်ကထင်ခဲ့တယ်။ တကယ်တမ်း အသက်အရွယ် ရလာတဲ့အခါ ဒါကိုသင်သတိထားမိလာမယ်ဆိုတာ သေချာပါတယ်။

၎။ အခက်အခဲတွေ့တဲ့အခါ အလွယ်တကူ အရှုံးပေးတက်ကြတယ်။

ပြဿနာတွေများစွာနဲ့ ချစ်သူရည်းစားဆက်ဆံရေးတွေ၊ အလုပ်က အထုတ်ခံရတာတွေရှိနေတက်တဲ့ လောကကြီးမှာ အသက် ၂၀ အရွယ်တုန်းက အခက်အခဲတွေနဲ့ ယှဉ်လိုက်ရင် သေးသေးလေး ဖြစ်သွားတက်ပါတယ်။ ငယ်စဉ်က အခက်အခဲအသေးအမွှားတွေကို လက်လျှော့ခဲ့ကြတာ ပြန်စဉ်းစားကြည့်ပါ။

 

၅။ အားလုံးကို ခင်ဖို့ကြိုးစားတက်တယ်။

အသက် ၂၀ အရွယ်မှာ အလုပ်လုပ်နေခဲ့ရင်တောင်မှ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ၊ သူဌေး စတဲ့သူတွေအားလုံးကို ခင်မင်အောင် ပေါင်းချင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ လူတိုင်းက ကိုယ့်လိုစိတ်မျိုး မဟုတ်ဘူးဆိုတာ သတိထားမိလာမယ်။  

၆။ သူငယ်ချင်းဆက်ဆံရေးက ထာဝရတည်တံ့မယ်လို့ ထင်ခဲ့တယ်

ကိုယ့်မှာရှိတဲ့ သူငယ်ချင်းတွေနဲ့ တစ်သက်လုံးအတူတူ ခင်သွားနိုင်မယ်လို့ ထင်ခဲ့တယ်။ တကယ်တမ်းတော့ ထင်သလို ဖြစ်မလာခဲ့ဘူး။

၇။ နောင်လာမယ့် ၅ နှစ်လောက်အထိ စီမံကိန်းဆွဲထားတက်တယ်

အများအားဖြင့်တော့ မနက်ဖြန်တောင် ဘာဖြစ်မယ် အတိအကျမသိတဲ့ပြင်ပလောကကြီးမှာ အသက် ၂၀ အရွယ်တုန်းက်နောက်နှစ်တွေအတွက် ကြိုပြီးစီမံကိန်းဆွဲခဲ့ကြဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ