Lifestyle: ၂၀၅၀ ရောက်လျှင် လူသားချင်း လိင်ဆက်ဆံမှုထက် စက်ရုပ်နှင့်လိင်ဆက်ဆံမှုက ပိုများလာမည်

မဝေးလှတဲ့ အနာဂတ်ကမ္ဘာမှာ လူသားတွေနဲ့ လိင်ဆက်ဆံဖို့ဖန်တီးထားတဲ့ စက်ရုပ်တွေအကြား လိင်ဆက်ဆံမှုပမာဏဟာ အလွန်အမင်းတိုးမြင့်လာမယ်လို့ ဒေါက်တာပီယာဆင်က ဟောကိန်းထုတ်လိုက်ပါတယ်။ ဒေါက်တာပီယာဆင်ဆိုတာ အနာဂတ်ဟောကိန်းကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။

play

 

အင်္ဂလန်မှာ လိင်ဆက်ဆံမှုလုပ်နိုင်တဲ့အရုပ်(Sex Toy) တွေရောင်းချတဲ့ ဆိုင်တစ်ဆိုင်နဲ့ ပူးပေါင်းပြီး ဒီလေ့လာချက်ကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။ လူသားချင်း လိင်ဆက်ဆံမှုထက် စက်ရုပ်သို့မဟုတ် အရုပ်နဲ့ လိင်ဆက်ဆံမှုကတောင် ပိုမိုများပြားလာလိမ့်မယ်လို့ သူကခန့်မှန်းခဲ့တာဖြစ်ပါတယ်။ လာမယ့် ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာ လူသားတွေအနေနဲ့ လိင်ဆက်ဆံတဲ့အရုပ်တွေ၊ ကိရိယာတန်ဆာပလာတွေကို အသုံးပြုမှုဟာ အလွန်များပြားနေလိမ့်မယ်လို့ ဒေါက်တာပီယာဆင်က ထောက်ပြပြောဆိုပါတယ်။ သူရဲ့ လေ့လာချက်အရ ထုတ်ပြန်ချက်အနှစ်ချုပ်ကတော့ေ အာက်ပါအတိုင်း ဖြစ်ပါတယ်။

၂၀၃၀ ခုနှစ်ရောက်လျှင် ယနေ့ခေတ်ထက်ပို၍ စက်ရုပ်နှင့်လူသား လိင်ဆက်ဆံမှု ပိုများလာမည်မှာ သေချာသည်။

၂၀၃၅ ခုနှစ်ရောက်လျှင် လူသားတိုင်း ကိုယ်ပိုင် sex toys များရှိနေမည်ဖြစ်ပြီး လူသားချင်း သဘာဝ လိင်ဆက်ဆံမှုထက် ပိုနေလိမ့်မည်။

Robot sex toys ရောင်းချသူများသည် ၂၀၂၅ ခုနှစ်လောက်အရောက်တွင် ဝင်ငွေများ သိသိသာသာ စတင်တိုးပွားလာမည်။

လူသားအချင်းလိင်ဆက်မှုနှုန်းကို ၂၀၅၀ တွင် စက်ရုပ်နှင့်လူသားလိင်ဆက်ဆံမှုက ကျော်လွန်သွားမည်။

သူ့ရဲ့လေ့လာချက်အရ ထုတ်ပြန်ချက်ထဲမှာ အခုလိုပါရှိထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ