Lifestyle: အမျိုးသားတွေအားလုံး သန်စွမ်းကျန်းမာတဲ့ အိန္ဒိယရွာကလေး

အိန္ဒိယနိုင်ငံ Asola-Fatehpur Beri ဆိုတဲ့ရွာကလေးဟာ နိုင်ငံအတွင်းမှာ ကျန်းမာသန်စွမ်းမှု အရှိဆုံး ရွာလို့ဆိုနိုင်ပါတယ်။ အဲဒီရွာမှာရှိတဲ အမျိုးသားတွေအားလုံး အနည်းဆုံး တစ်ရက်ကိုနှစ်နာရီလောက် ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်ကြလို့ ဖြစ်ပါတယ်။

play

 

ဒေလီမြို့ရဲ့တောင်ဘက်စွန်းစွန်းမှာရှိတဲ့ အဲဒီမြို့ကလေးက အမျိုးသားတွေအားလုံး မနက်လင်းတာနဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်ကြရပါတယ်။ ဆယ်ကျော်သက်အရွယ်မရောက်ခင်စပြီး အသက် ငါး ဆယ်လောက်အထိ အမျိုးသားတွေလည်း လေ့ကျင့်ခန်းလုပ်ကြတဲ့အထဲမှာ ပါဝင်ပါတယ်။ သူတို့ရွာမှာ အမျိုးသားတွေ လေ့ကျင့်ခန်းလုပ်ဖို့ Akhada လို့ခေါ်တဲ့ကစားကွင်းရှိပြီး အဓိပ္ပယ်ကတော့ နပမ်းသတ်ကွင်း ဖြစ်ပါတယ်။

play

 

ရွှံ့နွံတွေထဲ နပမ်းသတ်ပွဲ လုပ်ကြတဲ့အခါရှိသလို၊ ကြိုးတန်းတက်တဲ့လေ့ကျင့်ခန်းတွေလည်း လုပ်ကြပါတယ်။ ထိုင်ထလုပ်ခြင်း၊ ဒိုက်ထိုးခြင်း စတဲ့ ကိုယ်ကာယလေ့ကျင့်ခန်း အတော်များများကို အဲဒီရွာကအမျိုးသားတွေ လေ့ကျင့်ကြပါတယ်။ လူကောင်ကြီးထွားလှတဲ့ တစ်ယောက်ကိုတစ်ယောက် ပခုံးပေါ် ထမ်းတင်နိုင်သလို ၇၇၁ ပေါင်လေးတဲ့ ဆိုင်ကယ်ကိုလည်း ရင်ညွန့်လောက်ရောက်အောင် ဆွဲမနိုင်သူတွေ ဖြစ်ကြပါတယ်။

play
play

 

လာရောက်လေ့ကျင့်သူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်သူတွေဖြစ်ကြပြီး  နေ့တိုင်းလည် လေ့ကျင့်သူတွေဖြစ်လို့ ဒီလောက်သန်မာနေရတာဖြစ်တယ်လို့ လေ့ကျင့်ရေးမှူး ဗီဂျေကရှင်းပြခဲ့ပါတယ်။ ဒီရွာက အမျိုးသားအတော်များများကတော့ နယူးဒေလီမှာရှိတဲ့ နိုက်ကလပ်တွေနဲ့ အရက်ဘားတွေမှာ အလုပ်လုပ်ကြသူတွေများပါတယ်။

ဒေလီမှာ ညဘက်ဘားတွေ၊ ကလပ်တွေ တိုးပွားလာတာနဲ့အမျှ လုံခြုံရေးတာဝန်ယူရတဲ့ အစောင့်တွေလိုအပ် လာတာကြောင့်သူတို့အတွက် အလုပ်အကိုင်ဟာ ပေါများတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ