Lifestyle: သင့်ရဲ့ဦးနှောက်စွမ်းရည်ပိုကောင်းစေဖို့ ဒါတွေလုပ်ကြည့်ပါ

ဦးနှောက်သုံးဖြေရှင်းရတဲ့ အချို့သောကိစ္စတွေမှာ ကလေးငယ်တွေက အရွယ်ရောက်ပြီးသားလူကြီးတွေထက် ပိုပြီးထက်ထက်မြက်မြက်ရှိနေတာတွေ့ရပါတယ်။ ကလေးငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးစွမ်းရည်ဟာ တိုးတက်နေဆဲကာလဖြစ်တဲ့အတွက် အချို့နေရာတွေမှာ လူကြီးတွေထက် ပိုပြီးစွမ်းဆောင်ရည် ကောင်းနေတက်တယ်လို့ ဆိုပါတယ်။ အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။

အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်အနေနဲ့လည်း ဥာဏ်ရည်ဥာဏ်သွေးတိုးတက် ကောင်းမွန်လာအောင် လုပ်ယူလို့ရပါတယ်။ နားလည်သဘောပေါက်လွယ်တဲ့(intelligence) စွမ်းရည်ကောင်းမွန်လာတာနဲ့အမျှ အသစ်သင်ကြားမှုတွေ၊ အချက်အလက်မှတ်ထားနိုင်မှုတွေ၊ ပြဿနာဖြေရှင်းနိုင်မှုတွေမှာ အားကောင်းလာမှာ ဖြစ်ပါတယ်။

၁။ အသစ်အဆန်းတွေရှာဖွေပါ။

အသစ်အဆန်းဆိုတာ နိုင်ငံခြားကလာတဲ့ အသစ်အဆန်းကို ပြောတာမဟုတ်ပါဘူး။ သင့်အတွက် အသစ်အဆန်းကို ပြောခြင်းသာဖြစ်ပါတယ်။ အတွေ့အကြုံသစ်၊ ပတ်ဝန်းကျင်အသစ်နဲ့ အခြားသော အသစ်တွေကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ ဘာပဲဖြစ်လာဖြစ်လာ နောက်ဆုံးတော့ ပြီးသွားတာပဲ ဆိုတာကို ခေါင်းထဲ မှတ်ထားပေးပါ။

၂။ ကိုယ့်ကိုကိုယ်စိန်ခေါ်ပါ။

သင်ကတစ်ခုခုကို တောင့်တလိုက်တဲ့အခါ ဦးနှောက်အပါအဝင် သင့်မှာရှိတဲ့ကြွက်သားတွေ ပိုပြီးသန်မာလာလေ့ ရှိပါတယ်။ သင်ကဘယ်နေရာမှာတော်လဲဆိုတာလဲ ကိုယ့်ကိုကိုယ်သိမှာပါပဲ။ ဒါပေမယ့် သင်ကိုယ့်သင် အမြဲတမ်း စိန်ခေါ်မှုတွေ ရှိနေပါစေ။

play

 

၃။ ဖန်တီးမှုရှိရှိတွေးခေါ်ပါ။

ဒါကတော့ လွယ်မလိုနဲ့ ခက်ပါတယ်။ ဒါပေမယ့်ဖန်တီးမှု စွမ်းရည်မြင့်လေလေ အကျိုးရလေလေဖြစ်ပါတယ်။ ဖန်တီးမှုကောင်းကောင်းနဲ့ တွေးခေါ်ခြင်းဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ နားလည်သဘောပေါက်နိုင်မှု စွမ်းရည်ကို တိုးတက်စေရုံသာမက ထုတ်လုပ်မှုအပိုင်းမှာလည်း အကျိုးရှိစေပါတယ်။ အနုပညာရှင်တစ်ယောက်လို တွေးခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွေးခေါ်နိုင်စွမ်း ရှိပါတယ်။ ဦးနှောက်ကို နဲနဲအလုပ်ပေးလိုက်ဖို့ပဲ လိုတာပါ။

၎။ ခက်တဲ့လမ်းကိုရွေးပါ။

အတော်များများက အလွယ်လမ်းကို ကြိုက်ပါတယ်။ ဒါပေမယ့် တစ်ခုခုလုပ်ခါနီး ခက်တဲ့လမ်းကိုရွေးတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာပါပဲ။ ခက်တဲ့လမ်းကို ရွေးပါဆိုတာဟာ သင့်ကိုဒုက္ခတောထဲမှာပဲ နေပါလို့ ဆိုတာမဟုတ်ပါဘူး။ သင်လုပ်နိုင်ဖို့ များနေတဲ့ကိစ္စတစ်ခုခု တွေ့လာရင် ခက်တဲ့လမ်းကိုရွေးကြည့်ပါ။ ဂဏန်းပေါင်းစက် အကူမယူပဲ စိတ်နဲ့တွက်ကြည့်တာတို့ GPS မကြည့်ပဲ လမ်းသွားတာတို့ လုပ်ကြည့်ပါ။

၅။ ပေါင်းသင်းဆက်ဆံတက်ပါစေ။

အထက်မှာ ပြောခဲ့တဲ့ အတွေ့အကြုံသစ်တွေရှာပါလို့ ပြောတာနဲ့ ဒါနဲ့ နည်းနည်းဆင်ပါတယ်။ သင်လူတွေနဲ့ ပိုတွေ့ဖို့လိုပါတယ်။ ပို,ပိုပြီး အတွေ့အကြုံတွေများလာဖို့ သင်လူတွေအများကြီးနဲ့ တွေ့နေဖို့ လိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ